Sunday, December 1, 2013

ဒေသဖွံ့ဖြိုးရေး အကြောင်းပြပြီး ရောင်းချနေသော မူးယစ်ဆေးဝါး နှင့် လောင်းကစားကိစ္စ အရေးယူပေး စေလို

စစ်ကိုင်းတိုင်းဒေသကြီးဝန်းသိုမြို့နယ်နမ်းခမ်းကျေးရွာတွင်ဒေသခံများက ကျောက်ပါးစပ်ရွှေမှော်ကိုအမှီသဟဲပြု၍လုပ်ကိုင်စားသောက်နေရသော် လည်းလောင်းကစားနှစ်လုံး သုံးလုံးတစ်လုံး (ဘော်လုံး)လောင်းကစားများကို ကျေးရွာအုပ်ချုပ်ရေးမှုးတို့ မှကျေးရွာဖွံဖြိုးရေး ရန်ပုံငွေ အကြောင်းပြ၍ လုပ်ကိုင်နေကြပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးများ သုံးစွဲ ခြင်းရောင်း ဝယ်ခြင်းများ ပြုလုပ်နေသည့်အတွက် နမ်းခမ်းဘူတာစု..အရှေ့စက်ဘူတာစု အောင်ဇာနည် ကုန်းတို့တွင် မူးယစ်ဆေးစွဲသည့်လူငယ်များ ပေါများလာကြသဖြင့် လူငယ်များ၏ မိခင်များ၎င်းတို့၏ သား သမီးများအတွက်စိတ်မချမ်းသာဖြစ်နေရပါသည်။

ယခုအခါ လောင်းကစားများ အနက်ဘော်လုံးပွဲ လောင်းကစားများက ပိုဆိုး နေပါသည်။ ယခုကဲ့ သို့ လောင်း ကစားများနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း ရောင်းချခြင်း ပေါများလာသည့် အတွက် ဆိုင်ကယ်ပျောက်ဆုံးခြင်း၊ ဈေးဆိုင်များ မှငွေကြေးပျောက်ဆုံးခြင်း၊ ဓါတ်ဆီ ဒီဇယ်ဆီများပျောက်ဆုံးမှု များပြားလာ သောကြောင့် ညစဉ် မိမိအိမ်နှင့်ခေါင်းပြားအောင်တောင် မအိပ်ရဲတဲ့ဘဝရောက်နေပါပြီ။
သိုဖြစ်ပါ၍ သက်ဆိုင်ရာအကြီးအကဲများက မျက်စေ့မှိတ်နားပိတ်သလို ဥပေက္ခာပြုမနေဘဲ ဆောင် ရွက်ပေးဘို့ လိုအပ်သလိုဖွံ့ဖြိုးရေးအတွက် အကြောင်း ပြလုပ်နေရတဲ့ လောင်းကစားများလည်း တားမြစ် ပေးစေလိုပါသည်။

လောင်းကစားနှင့် မူးယစ်ဆေးဝါးကြောင့် ဘဝပျက်နေကြသည့် ဇနီးသားမယားများနှင့်မိခင်များ
ThanLarWaddy Times