Monday, December 30, 2013

သမ္မတ ကတိတည်ကြောင်း နှစ်ကုန်လွတ်ငြိမ်းခွင့်ဖြင့် သက်သေပြ

ရန်ကုန် Tuesday, December 31, 2013
နိုင်ငံတော်သမ္မတ ကတိပေးထားသည့်အတိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ကြေညာချက်တစ်ရပ်ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်အရ နိုင်ငံရေးအကျဉ်းသားအများစု ပြန်လည်လွတ်မြောက်လာဖွယ်ရှိပြီး ယခင်အစိုးရလက်ထက် အရေးယူခံရသည့် တပ်မတော်အရာရှိဟောင်းများ၊ ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် အကောက်ခွန်အရာရှိဟောင်းများလည်း လွတ်မြောက်လာဖွယ်ရှိကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသားဟောင်းများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

သမ္မတက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားခြင်းကို ၂၀၁၃ ဒီ ဇင်ဘာကုန်တွင် လုံးဝစွန့်လွှတ်မည့် Zero Level အစီအစဉ်ကို ကြိုတင်ကြေညာထားသည့်အတိုင်း အကောင်အထည်ဖော် လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆောင်ရွက်သူများက ထုတ်ဖော်ချီး ကျူးကြသည်။

““သမ္မတကတော့ သူပေးတဲ့ကတိကို တည်အောင်လုပ်တယ်လို့ ပြောရမယ်။ အဲဒီအတွက်လည်း ချီးကျူး ရမယ်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယာက်က ဒီလို ကတိအတိုင်း ဆောင်ရွက်တာကိုတော့ ချီးကျူးလက်ခံရ မယ်””ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်ကပြောသည်။

ယခုတစ်ခေါက် ကြေညာချက်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှင့် ထိုနေ့မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများနှင့် ပုဒ်မ ၁၈ ကဲ့သို့သော သတ်မှတ်ထားသည့်ပြစ်မှုပုဒ်မ ၇ ခုမှ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသူအားလုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ သက်ဆိုင်ရာတရားရုံး များရှိ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှ ချက်ချင်းလွှတ်ပေး ခြင်း၊ စုံစမ်းအရေးယူဆဲဖြစ်သောအမှုများကို ဆက်လက်အရေးယူခြင်းမပြုဘဲ ပိတ်သိမ်းခြင်းတို့ကို ဆောင် ရွက်ရန် သမ္မတက အမိန့်ထုတ်ပြန်သည်။

အဆိုပါအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ်(၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ နိုင်ငံရေးအကျဉ်းသားအများအပြား လွတ်ငြိမ်းချမ်းသာခွင့်ရမည် ဖြစ်သော်လည်း အ ချို့ နိုင်ငံရေးအကျဉ်းသားများသည် အခြားပြစ်မှုပုဒ်မများဖြင့်လည်း ရောထွေးအရေး ယူခံနေရသောကြောင့် ၎င်းတို့မှာ အကျဉ်းထောင်အတွင်း ကျန်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး လှုပ်ရှားသူများက ပြောကြားသည်။

““အဲဒီအတွက်လည်း ကော်မတီထဲမှာသီးသန့်ထပ်ဆွေးနွေးမှာလို့ အသေအချာယုံကြည်တယ်”” ဟု လက် ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ ၀င်တစ်ဦးကပြောသည်။ အစိုးရသစ်လက်ထက် တွင် ယခုတစ်ကြိမ်မတိုင်မီ လွတ်ငြိမ်းချမ်းသာခွင့် (၁၄)ကြိမ် ပြုလုပ်ခဲ့ပြီး အကျဉ်းသား ၂၃၀၀၀ ကျော်အား လွှတ်ပေးခဲ့သည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၁၀၀ ကျော် ပါဝင်သည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျူံးဝင်သည့် ပြစ်မှုများ
(က) မတရားအသင်း အက်ဥပဒေပါပြစ်မှုများ
(ခ) နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂)
(ဂ) အကြည်ညိုပျက်အောင်ပြုလုပ်မှု(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄-က)
(ဃ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါပြစ်မှုများ
(င) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါပြစ်မှုများ
(စ) အများပြည်သူ၏ အကျိုးပျက်စီးစေမှု(ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅)
(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေပါ ပြစ်မှုများ
7Day Daily