Friday, December 27, 2013

အများပြည်သူသုံးယဉ်လိုင်းများပေါ်တွင် ဆေးလိပ်သောက်သုံးပါက ထိရောက်စွာအရေးယူမည်


ရန်ကုန်၊ ဒီဇင်ဘာ၊ ၂၇ ။
ရန်ကုန်အများပြည်သူသုံးယာဉ်လိုင်းများပေါ်တွင် ဆေးလိပ်မသောက်ရန် ထုတ်ပြန်ထားပြီး ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွှက်သွားမည်ဖြစ်ကြောင်းရန် ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိမ်းသိမ်းကြီးကြပ်မှု ကော်မတီ (ဗဟို) မှ ဦးလှအောင် က ပြောသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆေးလိပ်များအား အများပြည်သူ သွားလာသော နေရာ များတွင် မည်သူမဆို မသောက်သုံးရန် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း
ဆေးလိပ်နှင့်ဆေးရွက်ကြီး ကာကွယ်တားဆီးရေး ဥပဒေအား ကျင့်သုံးရန်အတွက် ဆောင်ရွက်မှုများလည်း ရှိနေကြောင်း သိရသည်။

“ဒါတွေကိုတော့ ဦးတို့ အနေနဲ့ လိုက်ပြီးတော့ တားမြစ်ထားတယ်။ လိုက်နာမှု မရှိဘူး ဆိုရင်တော့ ယာဉ် စည်းကမ်း ၁၃၈ ချက်နဲ့အညီ ယာဉ်မောင်းကော ယာဉ်နောက်လိုက်ကိုပါ အရေးယူမှာပါ ” ဟု မော်တော် ယာဉ် လိုင်းပေါင်းစုံ ထိမ်းသိမ်းကြီးကြပ်မှု ကော်မတီ(ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

ယခုလက်ရှိတွင် အများပြည်သူသုံးယာဉ်လိုင်းများပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဆေး လိပ်များ သောက်သုံးခြင်း မရှိစေရန် စစ်ဆေးမှုများ ရှိနေပြီး ခရီးသွား ပြည်သူများ အနေဖြင့်လည်း ယင်းကဲ့ သို့ သောက်သုံး ခြင်းများအား တွေ့ရှိပါက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိမ်းသိမ်းကြီးကြပ်မှု ကော်မတီ (ဗဟို) တိုင်းကြားနိုင် ကြောင်းသိရသည်။

“ဦးတို့ ကို သက်သေခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားနိုင်ပါတယ် အရေးမယူဘူးဆိုတာ မရှိပါဘူး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ထိရောက်စွာ အရေးယူမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုသည်။

လက်ရှိဈေးကွက်အတွင်း ပြည်ပမှတင်သွင်းသော ဆေးလိပ်များနှင့် ပြည်တွင်းတွင် ထုတ်လုပ်သော ဆေး လိပ် အမျိုးအစား ၆၀ ခန့် ရှိနေကြောင်းကိုလည်း သိရသည်။

“အရက်၊ ဘီယာ၊ ဆေးလိပ်ကတော့ မြန်မာနိုင်ငံကို တရားဝင် တင်သွင်းခွင့် မပေးထားဘူး တကယ် လို့ တင်သွင်းလာတာတို့  စစ်ဆေး တွေ့ရှိတာတို့ ဆိုရင် ထိရောက်စွာ အရေးယူမှာပါ ” ဟု စီင်္းပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် ကုန်သွယ်မှု ကာကွယ်တားဆီးထိမ်း ချုပ်ရေး အဖွဲ့မှ ညွန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခင်က ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကလေးငယ်များ ဆေးလိပ် မသောက်သုံးတက်စေရန်အ တွက် ဆေးလိပ်များအား အသက် ၁၈ ကျော်မှသာ ရောင်းချရန်ကြေငြာ ထားသော်လည်း ယခုလက်ရှိ
ဈေးကွက်တွင် ဆေးလိပ်များသည် အသက်အရွှယ်မရွေးလွယ်ကူစွာ ဝယ်ယူရရှိနေခြင်းလည်းဖြစ်သည်။
နှင်းနွယ်
မြန်မာ့ခေတ်