Monday, December 30, 2013

နိုက်ထရစ်ကြွယ်ဝသော သစ်ရွက်များစားသုံးမိ၍ သပိတ်ကျင်း မြို့နယ်၌ နွားများသေဆုံး

ဒီဇင်ဘာ ၃၀၊ ၂၀၁၃
သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ထောက်ကြံ့ပင် ကျေးရွာတွင် နွားရှစ်ကောင် သေဆုံး သွားကြောင်း သတင်းအရ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးအောင်ဋ္ဌေးဝင်း၊ မြို့နယ် တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာအောင်ကျော်မိုးတို့ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၄ နာရီက ထောက်ကြံ့ပင်ကျေးရွာ မြောက်ဘက် ၃ မိုင်ခန့်အကွာ ဦးတင်သောင်း၏ နှမ်းခင်းဟောင်း အတွင်း နွားထီး နှစ်ကောင်၊ နွားမ ခြောက်ကောင် စုစုပေါင်းနွားရှစ်ကောင် ဗိုက်ဖောင်း၊ ပါးစပ်မှအမြှုပ်များထွက်လျက် သေဆုံးနေကြောင်း တွေ့ရ သည်။ တိရစ္ဆာန်ဆေးကု ဆရာဝန်မှ သေဆုံးနွားများအား စစ်ဆေးရာ နိုက်ထရစ်ကြွယ်ဝသည့် သစ်ရွက်များ စားသုံးမိ၍ အစာအဆိပ်သင့်ကာ သေဆုံးသွားကြောင်းသိရသည်။
MOI Webportal Myanmar