Wednesday, December 4, 2013

ယ္ခုမှ ထတွန်ခွင့်ရတဲ့ အရိုးများ

အဖြစ်အပျက်များက နှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီဆိုသော်လည်း သူ၏စိတ်တွင် အရာရာကို မှတ်မိနေခဲ့ သည်။ အိမ်ထောင်စုတစ်ခု၏ အဓိက မောင်း နှင်အားဟု ဆိုရမည်ဖြစ်သည့် ဖခင်ကြီး လူ့လောကမှ ထွက်ခွာသွားခဲ့ ပြီးနောက် သူတို့မိသားစုအတွက် အရာရာပြောင်း လဲသွားခဲ့ရပုံကို ယနေ့တိုင် သူမမေ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖခင်ဦးလှသန်းကို ထောင် ၂၅ နှစ် ချမှတ်ပြီးနောက်ပိုင်း သူတို့မိသားစုအတွက် စီးပွားရေး၊ လူမှု ရေးအခက်အခဲများ စတင်ရင်ဆိုင် လာရ သည်ဟု ဦးခင်မောင်သိန်းက ပြောပြသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ် ခဲ့သော ဦးလှသန်းသည် တပ်မတော်အစိုးရ လက်ထက် အဖမ်း ဆီးခံခဲ့ရပြီး အကျဉ်းထောင် အတွင်းသေဆုံးခဲ့ရသောနိုင်ငံရေးအကျဉ်းသား များစွာထဲမှ တစ်ယောက်ဖြစ် သည်။

ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့ သော ဖခင်သည် ၁၉၈၈ ခုနှစ်မှစ၍ နိုင် ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး ထို သို့ နိုင်ငံတော်ပုန်ကန်မှုဖြင့် အဖမ်းခံရသည့်အခါ မိခင်က ဈေးရောင်းကာ မိသားစုဝမ်းရေးကို ဖြေရှင်းခဲ့ ရသည်။ မွေးချင်းမောင်နှမ ခြောက်ဦးရှိသော ကြောင့် ဖခင်ထောင်ကျသည့်အခါ ကျန် မောင်နှမများက လည်း ကျောင်းတစ်ဖက် ဖြင့် အလုပ်လုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ရသည်ဟု ဦးခင်မောင်သိန်းက ပြော သည်။ ဒီကြားထဲ နိုင်ငံရေးလုပ်သော ဖခင်ကြောင့် ပတ်ဝန်းကျင်မှ သူတို့မိ သားစုကို ခွဲခြားဆက်ဆံခြင်းများ ကြုံ တွေ့ခဲ့ရပုံကိုလည်း သူမမေ့။

”လူတွေကတော့ ထုံးစံအတိုင်းပေါ့ ဗျာ။ ကျွန်တော်တို့ မိသားစုနဲ့ စကား မပြောတော့တာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး” ဟု ဆောက်လုပ်ရေးလက်ခွဲ ကန်ထရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေသော ၄င်းကလွန်ခဲ့သည့်နှစ်နှစ်ဆယ်မှ အဖြစ် အပျက်များကို ပြောသည်။

တီဘီရောဂါ ဖြစ်ဖူးသော ဖခင် သည် ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းတွင် ရောဂါအတွက် သောက်သုံး ရန် ဆေးဝါးပြတ်လပ်သွားခဲ့ရာမှ အကျဉ်း ထောင်တွင် ရောဂါပြန်ဖြစ်ကာ ထိုရောဂါဖြင့်ပင် ကွယ်လွန် ခဲ့ရခြင်းဖြစ်သည်ဟု ယနေ့အချိန်တွင် အသက် ၅၂ နှစ်ရှိပြီ ဖြစ်သည့် ဦးခင်မောင်သိန်းက ပြောသည်။

”ထောင်ထဲမှာ ဘယ်လိုမှ မရ တော့တဲ့အဆုံးကျမှ အပြင်ဆေးရုံထုတ်တာ” ဟု သူက ဝမ်းနည်းဟန်ဖြင့် ဆို သည်။

၁၉၈၈ နောက်ပိုင်း အကျဉ်းကျခဲ့ ပြီးထောင်ထဲတွင်သေဆုံးခဲ့ ရသော နိုင်ငံ ရေးအကျဉ်းသားများ၏ ၉ဝ ရာခိုင် နှုန်းသည် ထောင်တွင်း ကျန်းမာရေးစောင့် ရှောက် မှုညံ့ဖျင်းေ သာကြောင့် မသေဆုံး သင့်ဘဲ သေ ဆုံးသွားရခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည့် ကိုအောင်မျိုးကျော်က ပြော သည်။

”ထောက်လှမ်းရေးက စိတ်ပိုင်း ဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နှိပ် စက် တာခံရတယ်။ မလွှဲသာတော့တဲ့ အခြေအနေကျမှ၊ အပြင်ဆေးရုံ ထုတ် တော့ လည်း တစ် ရက်နှစ်ရက်အတွင်း သေတာပဲ” ဟု ကိုအောင် မျိုးကျော်က ထောင်တွင်း ကျန်းမာရေးစောင့်ရှောက် မှုအခြေအနေကို ပြောသည်။

တော်လှန်ရေး ကောင်စီ အစိုးရ တက်သည့် ၁၉၆၂ ခုနှစ်မှ လက်ရှိအချိန် အထိ မြန်မာတစ်နိုင်ငံလုံး တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ခုနစ်ထောင်မှ တစ် သောင်း နီးပါးရှိမည်ဟု နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ေ ရှာက်ရေးအသင်း AAPP ကခန့်မှန်းထားသည်။ ထိုအထဲ တွင် နိုင်ငံတော်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုး ရ) လက်ထက် ၁၉၈၈ ခုနှစ်မှ ယနေ့ အထိ အကျဉ်းထောင်များနှင့် စစ်ကြော ရေးစခန်းများတွင် သေဆုံးသွားခဲ့သော နိုင်ငံရေးအကျဉ်းသား စာရင်း ၁၇ဝ နီးပါး ရရှိထားပြီဟု AAPP မှ သိရသည်။ ထိုစာရင်းသည် လက်လှမ်းမီသလောက် ကောက်ယူ ထားသော စာရင်းဖြစ်ကြောင်း၊ မိမိတို့ မသိလိုက်ဘဲ အကျဉ်းထောင်များတွင် သေဆုံး သွားသော နိုင်/ကျဉ်းများ ရှိနိုင်သေးကြောင်း၊ စာရင်းအတိုးအလျှော့ ရှိနိုင်ကြောင်း AAPP မှတွဲဖက် အတွင်း ရေးမှူးဦးတိတ်နိုင်က ဆိုသည်။

အကြောင်း အမျိုးမျိုးကြောင့် ထောင်ကျသွားခဲ့သော စစ်ကြောရေးစခန်း များတွင် သေဆုံးသွားခဲ့သည့် နိုင် ငံရေး အကျဉ်းသားဟောင်းများ၏ မိသားစုဝင် များကို AAPP၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၊ နိုင် ငံရေး အကျဉ်းသား များ စောင့်ရှောက်ရေး၊ နိုင်ငံရေးအကျဉ်း သားများအဖွဲ့၊ နိုင် ငံရေး အကျဉ်းသား များအဖွဲ့ချုပ် စသည့်အဖွဲ့ အစည်းများ က ကူညီထောက် ပံ့မှုများ လုပ်ဆောင် လျက်ရှိသည်။ သို့သော် ကူညီရေးအဖွဲ့ အစည်းများ သည်လည်း ၄င်းတို့ထံ လာ ရောက်လှူဒါန်းသော ဘတ်ဂျက်၊ ၄င်းတို့
တွင်ရှိသောငွေပမာဏဖြင့်သာ လုပ်ဆောင် ရခြင်းဖြစ်သောကြောင့် အကူအညီများ အားလုံးသည် တစ်နိုင်ငံလုံးရှိ နိုင်/ကျဉ်း မိသားစုဝင် များ၊ နိုင်/ကျဉ်းများအားလုံး ထံသို့ လွှမ်းခြုံရောက်ရှိနိုင်မည် မဟုတ် ပေ။ သို့ဆိုလျှင် နိုင်/ကျဉ်းဟောင်း မိသားစုဝင်များအတွက်ပြန်လည် ထူထောင် ရေးလုပ်ငန်းများကို မည်သို့ လုပ်ဆောင် ကြမည်နည်း။ ထိုသို့ လုပ်ဆောင်ပေးရန် တာဝန် အရှိဆုံးမှာ မည်သူဖြစ်သည် ကို မေးခွန်း ထုတ်စရာပင် မလိုဟုဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဆက်သွယ်ရေးတာဝန် ခံ ကိုရာဇာကပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုသည် ယခင်အစိုးရ လုပ်ဆောင်ခဲ့သည်ဆိုသော်လည်း လက် ရှိ အရပ်သားအစိုးရတွင်လည်း တာဝန် ရှိကြောင်း၊ နိုင် /ကျဉ်း မိသားစုဝင်များကို တောင်းပန် ရမည်ဖြစ်ပြီး ၄င်းတို့အတွက် သင့်တင့်သော ထောက်ပံ့ကြေးပေးရန် လိုအပ်ကြောင်း ကိုရာဇာက မှတ်ချက် ပြုသည်။

”ဒီလုပ်ရပ်တွေကို ဦးသန်းရွှေ အစိုးရက လုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် လက်ရှိ သမ္မတသည် ထိုစဉ်အခါတုန်းက ဝန်ကြီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယကသည် ဒုဗိုလ်ချုပ်ကြီး၊ သူတို့မှာ တာဝန်ရှိတယ်” ဟု ကိုရာဇာက ဆို သည်။

ဖခင်ထောင်ကျ၍ မိသားစုဖရိုဖရဲ ဖြစ်ပြီး နေစရာပင် မရှိသည့် နိုင်/ ကျဉ်း ဟောင်း မိသားစုဝင်များ ရှိနေပြီး နောက်မျိုးဆက်အထိပင် စိတ်ဒဏ်ရာ များ ရရှိထားကြောင်း၊ ထို့ကြောင့် လက် ရှိအစိုးရသည် အမျိုးသားပြန် လည်သင့် မြတ်ရေးကို ဖော်ဆောင်မည် ဆိုလျှင် ယခင်က မိမိတို့ လုပ်ဆောင် ခဲ့သည့် အမှားများကို ဖော်ထုတ်ဝန်ခံရန် လို ကြောင်း ကိုရာဇာက ဆိုသည်။

”ပြီးခဲ့တာတွေ ပြီးပါစေတော့ဆို ပြီး ပြည်ဖုံးကားချလို့ မရဘူး” ဟု ၄င်း က ပြတ်သားစွာ ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦသုဝေက ယခင်အစိုးရလက် ထက်တွင် မတရားခံရသူများ၊ နှိပ်စက် ညှဉ်းပန်းခံရသူများအတွက် တောင်း ပန် သည့်အနေဖြင့် ၄င်းတို့၏ ကျန်ရစ်သူ မိသားစုဝင်များကို သင့်တင့်သောေ ထာက် ပံ့ကြေးပေးသင့်ကြောင်း မှတ်ချက်ပြု သည်။

”အဲဒီလို လုပ်ပေးခြင်းအားဖြင့် အစိုးရအတွက်လည်း ဂုဏ်ရှိပါတယ်” ဟု ဦးသုဝေက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်း သားမရှိပါဟု တွင်တွင်ငြင်းခဲ့သော ယခင် အစိုးရလက်ထက်မှသည် အရပ် သား အစိုးရသစ်တက်လာပြီးနောက် ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန် လွှတ်ပေး ခဲ့သည်။ ထို့အပြင် လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစ စ်ရေး ကော်မတီကို လည်း ဖွဲ့စည်းခဲ့ပြီး ယခုနှစ်ကုန် တွင် နိုင်/ကျဉ်း သုညရာခိုင်နှုန်း ဖြစ်သည် အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အတိအလင်း ကြေညာပြီးဖြစ်သည်။

နိုင်/ကျဉ်းများကို လွှတ်ပေးရုံသာ မက ပြန်လည်ထူထောင်ရေး လုပ်ငန်း များကိုပါ သက်ဆိုင်ရာ တာဝန်ရှိသူများ က လုပ်ဆောင်ပေးရန်အတွက် စုပေါင်း တောင်းဆိုကြ ရန် လိုကြောင်း လည်း နိုင်ငံရေးအကျဉ်းသား များအဖွဲ့မှ ဦးရဲ အောင်က ဆိုသည်။

ထိုသို့ စုပေါင်း တောင်းဆိုရန် ခြေ လှမ်းတစ်ရပ်အဖြစ် AAPP နှင့် နိုင်/ ကျဉ်းအဖွဲ့တို့ ပူးပေါင်းကာ တစ်နိုင်ငံ လုံးရှိ နိုင်/ကျဉ်းစာရင်း၊ ၄င်းတို့ ညှဉ်း ပန်းနှိပ်စက်ခံရမှုများ၊ ၄င်းတို့၏ မိသား စုအခြေအနေများကို စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း သိရသည်။ စစ်တမ်းကောက်ယူ၍ စာရင်းအတိ အကျ ရပါက အစိုးရနှင့် လွှတ်တော်သို့ တင်နိုင်မည်ဖြစ်ပြီး ပြန်လည် ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တိုက်တွန်းနိုင်မည်ဖြ စ်ကြောင်း AAPP ၏ လက်ထောက်စီမံခန့်ခွဲရေး တာဝန်ခံ ကိုအောင်မျိုးကျော် က ဆိုသည်။

”သူတို့တာဝန်ကို သူတို့အပြည့် အဝ ယူဖို့ ကျွန်တော်တို့ ကြိုးစားနေ တယ်” ဟု ကိုအောင်မျိုးကျော်က တက် ကြွစွာ ပြောသည်။
မေဇင်ဝင်း
Popular Myanmar News Journal