Tuesday, December 31, 2013

တိုက်ကြီးမှာ ကျွဲနွားတွေကိုယ်တိုင် စားကျက်မြေပြန်လုတော့မယ်

၂၀၁၃ ခုနှစ် ဧပြီလကတည်း  က တစညပါတီလွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်က ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည့်ပျောက်ဆုံးနေ သော တိုက်ကြီးမြို့နယ်၊ ဒိုက်ဦး ကျေးရွာအုပ် စု၊ လေးအိမ်စုစားကျက်  မြေ ကွင်းအမှတ် ၈၇၂ ကိစ်္စမှာ တောင်သူအချင်းချင်း မပြေလည်သဖြင့် ကျူးကျော်စိုက်ပျိုးရုံမကဘဲ တဲများထိုး၍လူပါနေထိုင်သော အဆိုပါစိုက်ခင်းအတွင်းသို့ အစာ ငတ်နေသော ကျွဲနွားများလွှတ်ပေး  လိုက်ရန် တောင်သူများဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း တိုက်ကြီးမြို့ နယ်တစညဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရကတရား ၀င်သတ်မှတ်ပေးထားသည့် ၃၂၇ ဧက ကျယ်ဝန်းသောကွင်းအမှတ် ၈၇၂ လေးအိမ်စုစားကျက်မြေကို စီမံကိန်းသီးနှံစိုက်ပျိုးမည်ဟုဆိုကာ Bright Way  ကုမ္ပဏီက စားကျက် မြေပယ်ဖျက်ခွင့်တောင်းခဲ့ဘူးပြီး ဧက ၂၀ စိုက်ပျိုးခွင့်ရခဲ့ခြင်းကြောင့်  တောင်သူ ၂၀ ခန့်က လွန်ခဲ့သည့် ၅ နှစ်မှစ၍ ကျန်စားကျက်မြေ  များအပေါ်ကျူးကျော်စိုက်ပျိုးခဲ့ ကြသည်။ ယင်းစားကျက်မြေမှာ ရွာပေါင်းများစွာမှ ကျွဲနွားများ အားထားရဖြစ်သဖြင့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်သို့တင် ပြခဲ့ရာ၌ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြမြက သက်ဆိုင်ရာတောင် သူများကလည်း ကိုယ့်စားကျက် မြေကိုယ် ကာကွယ်စောင့်ရှောက် ရန်နှင့် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီသို့လည်းတင်ပြပေးမည့် အကြောင်းဖြေကြားခဲ့ပြီး ယခု အချိန်ထိဖြေရှင်းပေးမှုမရှိခြင်း ကြောင့် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် တစညပါတီဥက္ကဋ္ဌကဆိုသည်။

“တောင်သူတွေက မြို့နယ်  အထွေထွေအုပ်ချုပ်ရေးမှူးဦးဇော်စိုး ကို တိုင်ကြားတော့လည်း ထွေအုပ်  က ဒီတစ်မိုးတော့သူတို့ကိုခွင့်ပြု လိုက်ပါလို့ပြောခဲ့တယ်။ အခုတော့  စားကျက်မြေထဲစပါးစိုက်ရုံတင်မက  တဲငါးလုံးထိုးပြီး လူတွေပါဝင်နေ ကြပါပြီ။ တောင်သူအချင်းချင်း ပြောကြည့်တော့လည်း တာဝန် ရှိသူများနဲ့ ကျူးကျော်သူတွေ ဘယ်လိုအဆင်ပြေသလဲတော့မသိ ဘူး။ မြို့နယ်ကဖယ်ခိုင်းမှဖယ်ပေး မယ်လို့ပြော ပါတယ်။ ပထမတော့  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မလို့ပါ။  တိုက်ကြီးမှာက ငြိမ်းစုစီကိုအမြဲ တမ်းခွင့်ပြုလေ့ မရှိပါဘူး။ဒါကြောင့် အစာငတ်နေတဲ့ကျွဲနွား  တွေကို လွှတ်လိုက်တော့မယ်။ ဒါဥပဒေအရလုပ်ခွင့်ရှိတယ်။ ထွန်းတုံးတိုက်ပွဲမဟုတ်တဲ့ ကျွဲနွား  တိုက်ပွဲပေါ့ဗျာ”ဟု ၎င်းကပြော ကြားသည်။          
ဇော်မြင့်
Hot News Journal