Wednesday, December 4, 2013

ကြက်ဆူ စိုက်ခင်းအတွက် ငှားပေးခဲ့သော တောင်သူပိုင် မြေနေရာ အုပ်ချုပ်ရေးမှ ပြန်မပေးသေး

နောင်ချို၊ ဒီဇင်ဘာ ၄။
နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းကျေးရွာတွင် ယခင်အေးချမ်းဖြိုးလက် ထက် တောင်ခမ်းကျေးရွာအတွင်း၌ အုပ်စုလိုက်ကြက်ဆူစိုက်ပျိုးနိုင်ရန် မြေ (၃) ဧကအားငှားရမ်းလုပ် ကိုင်ခဲ့ပြီး ယခုအခါတွင် နောင်ချိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် မြေအဖြစ် မှတ်ပုံတင်ထားလိုက်၍ ယခင်မြေပိုင်ရှင် တောင်သူများမှ မြေယာဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်နေ ရကြောင်းတောင်ခမ်းကျေးရွာသားများမှ ပြောသည်။

''ဒီမြေကဒေါ်ကြင်ရွှေရဲ့ မြေပါ၊ ကြက်ဆူစိုက်ဖို့ လမ်းဘေးလည်းဖြစ်တော့၊ စီမံကိန်းအနေနဲ့ ပြဖို့ ငှားခဲ့ကြတာ၊ အခုကြတော့ ထွေ/ အုပ်ကတောင်သူ ၀င်လုပ်တာကို သီးစားခစာချုပ်ချုပ်ခိုင်းတာ၊ တောင် သူက နားမလည်တော့ စာချုပ်မှာလက်မှတ်ရေးထိုး ပေးလိုက်ရတယ် ''ဟုတောင်ခမ်းကျေးရွာ အုပ် ချုပ်ရေးမှူးမှ ပြောသည်။

အဆိုပါ စာချုပ်တွင် နောင်ချိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ယာမြေဖြစ်သော အင်းခဲကြီး ကွင်းအမှတ် (၁၄) ရှိယာမြေ (၃.၀၀) ဧကအား(၁) ဧကလျှင် (၂၅၀၀၀) ကျပ်နှုန်းဖြင့် (၃) ဧက (၇၅၀၀၀) ကျပ်ဖြင့် (၁.၆.၂၀၁၃) ရက်နေ့မှစတင်၍ (၁.၆.၂၀၁၄) ရက်နေ့အထိငှားရမ်း စိုက်ပျိုး လုပ်ကိုင်ခွင့်ပြုသည် ဟု ပါရှိပြီးလက်မှတ်ရေးထိုး ခိုင်းခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးခြင်းမပြုလျှင် ဌာနပိုင်မြေအတွင်း ကျူးကျော် လုပ်ကိုင်သဖြင့် တရားစွဲမည်ဟုဆို၍ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း ယာမြေပိုင် ရှင် ဒေါ်ကြင်ရွှေမှ ပြောသည်။

''ကျွန်မကအုပ်ချုပ်ရေးမှူးကိုကျမလယ်တွေ တပ်သိမ်းတဲ့အထဲပါသွားလို့ ဒီကျန်တဲ့ယာမြေကို လုပ်ကိုင်ခွင့်ပေးပါလို့ ပြောတာကို အုပ်ချုပ်ရေးမှူးက တောင်သူတွေ ဘာတွေ လာပြောမနေနဲ့၊ မသိဘူးငါလည်း တပ်ကလာတာ၊ နေရာအနှံ့ရောက်ပြီးနေပြီ၊ ဒါမျိုးရိုးနေပြီဆိုပြီး ပြန်ဟောက်ပါတယ်၊ ပြီးတော့ ကိုယ့်အုပ်စုနဲ့ကိုယ် ရှင်းဆိုလို့ ဒီစာချုပ်မှာလက်မှတ်ရေးထိုးပေးလိုက်ရပါတယ် ''ဟုဒေါ်ကြင်ရွှေမှ ပြောသည်။

အဆိုပါ မြေမှ အေးချမ်းဖြိုးလက်ထက် တောင်သူထံမှ ငှားယူထားသော မြေဖြစ်ကြောင်းအားယ ခင်အေးချမ်းဖြိုးလက် တောင်ခမ်းကျေးရွာ အုပ်စု ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူများမှာ လည်း ထောက်ခံမှု ပေးထားကြောင်းသိရှိရသည်။

''ဒီမြေကျွန်တော်တို့ တောင်သူဆီက ငှားခဲ့တာပါ၊ ဒီအတွက်လည်း ကျွန်တော်တို့ ထောက်ခံပေးထားပါ တယ်'' ဟု ယခင် အေးချမ်းဖြိုးလက်ထက် ကျေးရွာအုပ်စုအဖွဲ့ဝင် (၂) အဖြစ် ဆောင်ရွက်ခဲ့သူဦးလှ ထွန်းမှ ပြောသည်။

၎င်းအပြင် လက်ရှိပုံစံ (၁၀၅) ထွက်ထားသောစာရွက်မှာ (၁၆.၂.၂၀၁၀) ခုနှစ်တွင် ပုံစံထွက်ထားခြင်းဖြစ် ပြီး တောင်သူလက်တွင် (၁၉၉၇) ခုနှစ်အထိသီးနှံခွန်ပြေစာများ ကိုင်ဆောင်ထားကြောင်း တောင် ခမ်း တောင်သူများမှ ထောက်ခံပြောကြားသည်။

အဆိုပါ ကိစ္စအတွက် နောင်ချိုမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူးကို တွေ့ဆုံမေးမြန်းရာတွင် ဦးစီးမှူးမှာဂေါက်ရိုက် သွားနေပါသောကြောင့်အုပ်စုစာရေးမဖြင့် ပြောကြားနိုင်ကြောင်း ပြန်လည်ပြော ကြားသည်။

အုပ်စုစာရေးမမှ ပြောကြားရာတွင်ယခုမြေယာကိစ္စအား တောင်ရှည် အုပ်စုပိုင် မြေယာအဖြစ် အုပ်ချုပ်ရေးမှ လွှဲပြောင်းပေးထားပါကြောင်း အုပ်စုအဆင့်မှ ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြန်လည် ပြော ကြားခဲ့သည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်