Sunday, December 29, 2013

ရေကြီးရေလျှံမှုမရှိစေရန် စစ်တောင်းမြစ်ကို ဖြောင့်တန်းအောင်လုပ်မည်ဟုဆို

စစ်တောင်းမြစ် တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - myanmars.net
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇
စစ် တောင်းမြစ်တွင် ရေကြီးရေလျှံ မှုများနှင့် ကမ်းပါးပြိုမှုများမှ ကာကွယ်နိုင်ရန် ယင်းမြစ်အား ဖြောင့် တန်းစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစစ်တောင်းမြစ်ဖြောင့် တန်းရန်အတွက် ပဲခူးတိုင်း ဒေသ ကြီးအတွင်းရှိ ဝေါမြို့နယ် သရဲ သမိန်ကျေးရွာတစ်ဖက်ကမ်း တွင် တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ တိုင်းဦးစီး မှူး ဦးဌေး အောင်က ပြောကြားသည်။

ယင်းက ''အခုတူးမြောင်း ဖော်မယ့်နေရာမှာပါတဲ့ မြေတွေ ကိုလျော်ကြေးပေးဖို့အတွက် ညှိနှိုင်းနေပါတယ်။ သူတို့နဲ့အ ဆင်ပြေတယ်ဆိုရင်တော့အမြန် ဆုံးအကောင်အထည်ဖော် ဆောင်မှာပါ။ သဘောမတူဘူး ဆိုရင်တော့လဲ လုပ်ဆောင်နိုင် မှာမဟုတ်ပါဘူး''ဟုပြောသည်။

တူးမြောင်းတူး ဖော်မည် ဖြစ်ခြင်းကြောင့် လယ်မြေဧက တစ်ရာခန့်အား လျော်ကြေး ငွေပေးရနိုင်ဖွယ် ရှိကြောင်း သိ ရသည်။  ဦးဌေးအောင်က ''အခု လုပ်မှာက တိုင်းဒေသကြီးအစိုး ရရဲ့အစီအစဉ်နဲ့ပါ။ အားလုံး ကောင်းဖို့အတွက် လုပ်ဆောင် တာဖြစ်တဲ့ အတွက် လျော်ကြေး ကိစ္စ အဆင်ပြေအောင် လုပ် ဆောင်နေပါတယ်''ဟုဆက် လက်ပြောသည်။

အဆိုပါနေရာသည်လက် ရှိအချိန်တွင် နှစ်တိုင်းနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် သည့်နေရာဖြစ်ကြောင်း ယင်း ဒေသခံတချို့ထံမှ သိရသည်။ ဒေသခံတစ်ဦးက ''အဲဒီ နေရာက နှစ်တိုင်းရေကြီးနေ တဲ့နေရာပါ။ ကမ်းပြိုလို့ရွှေ့ရ တဲ့အိမ်တွေ မနည်းပါဘူး။ အခု လိုမြစ်ကိုဖြောင့်အောင်လုပ် မယ်ဆိုတော့ ကမ်းပြိုတာတွေ မဖြစ်နိုင်တော့ဘူးပေါ့။ ကောင်း ပါတယ်''ဟုပြောသည်။
အောင်အောင်
Yangon Media Group