Tuesday, December 10, 2013

ခေါင်းဆောင်နေရာ ရာထူးနှင့် မဟုတ်ဘဲ တာဝန်ဖြင့် ဆုံးဖြတ်ခြင်း သာ ဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခေါင်းဆောင်နေရာသတ်မှတ်ခြင်း ကို ရာထူးနှင့်မဟုတ်ဘဲ တာဝန်နှင့် ဆုံး ဖြတ်ခြင်းက ပိုမိုဖြစ်သင့်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က အမျိုးသမီးဖိုရမ် ဒုတိ ယမြောက်နေ့ စားပွဲဝိုင်း စကားပွဲ တွင် ပြောသည်။

ထို့ပြင် ခေါင်းဆောင်ဟူသည့် နေ ရာနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုတို့ အပေါ်၌ လည်း သတိထားဖို့လိုအပ်မည်ဟု ၄င်း က ဆိုသည်။

”ခေါင်းဆောင်ဖြစ်ချင်တာကို မကြိုက်ဘူး။ ခေါင်းဆောင်ဖြစ်ဖို့ထက် ကိုယ့်တာဝန် ကိုယ်ယူကြဖို့ပဲ လိုပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ”အနာဂတ်ခေါင်းဆောင် များရှင်သန်စေ ခြင်း” ဟူသည့် စားပွဲဝိုင်းေ ဆွးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် ဆွေးနွေးပွဲ တွင် လူငယ်များအပေါ် ရာထူးပေးအပ် ခြင်းမျိုးထက် တာဝန်ပေးအပ်ခြင်းကိုသာ ပို၍လို လားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ခေါင်းဆောင်များအနေဖြင့် အ ခြားသူများ လုပ်ကိုင်ရမည့် ကိစ္စရပ်များ ကို ဆုံးဖြတ်ခြင်းနှင့် ကိုယ်တိုင်လုပ်ချင် သည့်အရာများလုပ်ပိုင်ခွင့်ရှိသူဟု ယူဆ ရန်မသင့်ဘဲ တာဝန်ယူမှု စိတ်ဓာတ်ကို သာ အဆင်သင့်ထားရှိရန် လိုအပ် ကြောင်း၊ ထို့ပြင် တာဝန်ယူမှုမရှိသူများ အပေါ်သတိထားရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်းပြောကြား ခဲ့သည်။
သုတလင်း
Popular Myanmar News Journal