Tuesday, December 24, 2013

ဝါယာကြိုးဆွေးမြေ့အပူလွန်ကဲရာမှ တစ်ဆင့်မီးလောင်မှုဖြစ်ပွါး

ဒီဇင်ဘာ ၂၄
၂၄-၁၂-၂၀၁၃ရက်နေ့၊ နံနက် (၀၁း၀၀)နာရီအချိန်တွင် တောင်ငူမြို့ (၁၇)ရပ်ကွက်၊ ကုန်သည်ကြီးလမ်းပေါ် ရှိ ၀င်းသီရိ(လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်နေရာတွင် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွါးခဲ့သည်။

ဖြစ်စဉ်မှာ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်၊ ဆိုင်အမှတ် (၁၇/၂⁠၂၆)ပိုင်ရှင် ဦးသန်းထူးသည် ၄င်း၏နေအိမ် စကားစနေလမ်း၊ (၂၀)ရပ်ကွက်သို့ ဆိုင်အားသော့ပိတ်၍ ပြန်သွားခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ
ဝါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွါးခဲ့သည်ဟု သိရှိရပါသည်။

မီးလောင်မှုကြောင့် ၀င်းသီရိ(လက်ဘက်နှင့် အကြော်စုံဆိုင်) (၂၀×၁၇၅)ပေ၊ ကွန်ကရစ်(၂)ထပ် အတွင်းပိုင်းနှင့် အပေါ်ပိုင်း၊ ဦးအန်းကူ (၆⁠၆)နှစ်ပိုင် နေအိမ် (၂၀×၇၀)ပေ၊ အုပ်ညှပ် (၂)ထပ် အတွင်းပိုင်း၊ ဦးတင်ဝင်း (၆၂)နှစ်ပိုင် ၀င်းကမ္ဘာမိုဘိုင်းအရောင်းဆိုင် (၂၅×၁၂၀)ပေ၊ ကွန်ကရစ်(၂)ထပ် အတွင်းပိုင်း၊ ဦးစိုးဝင်း(၆၅)နှစ်ပိုင် စိုးရတနာ⁠ရတနာရွှေဆိုင် (၄၀×၂၀⁠၀)ပေ၊ အုပ်ညှပ်(၂) ထပ် အပေါ်ထပ်တို့ မီးလောင်ပျက်စီးခဲ့သည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ရှင် ဦးသန်းထူး (၄၈)နှစ်အား မြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။
MOI Webportal Myanmar