Friday, December 27, 2013

ဆိပ်ဖြူတွင် ကြက်သွန် ဂိုဒေါင် မီးလောင်

ဆိပ်ဖြူ - ဒီဇင်ဘာ - ၂၇
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်တွင်ယခုလ(၂၆)ရက်နံနက်ပိုင်းကကြက်သွန် ဂိုဒေါင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ကြက်သွန်ဂိုဒေါင်အနီးတွင် အမှိုက်များအားရှင်းလင်းပြီး၊ မီးရှို့ရာမှ ဂိုဒေါင်၏အမိုးပေါ်သို့မီးပွား လွှင့်ကျကာ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး၊ မီးပေါ့ဆစွာ သုံးစွဲမှုကြောင့် ဂိုဒေါင်ပိုင်ရှင်အပားဆိပ်ဖြူမြို့မရဲ စခန်းက အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။
MOI Webportal Myanmar