Tuesday, December 10, 2013

မိကျောင်းကန်မြေ ပြန်လည်ရရှိရေး ဦးဆောင်သူနှစ်ဦး အလုပ်နှင့်ထောင် (၆)လချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ-၉
မိကျောင်းကန်မြေ အပိုင်း (၁၊ ၂၊ ၃) ပြန်လည်ရရှိရးအတွက် (၅) ကြိမ် မြောက် ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးစိန်သန်းနှင့် ကိုထင်ကျော်တို့နှစ်ဦးအား ဒီဇင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ငြိမ်းချမ်းစွာ စီတန်းလှည်လည်ခွင့်ဥပဒေဖြင့် အလုပ်နှင့်ထောင်(၆ )လကျခံစေရန် ကျောက်တံ တား တရားရုံးမှချမှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၅ ရက်က မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော် မှုဖြင့် ကျောက်တံတားတရားရုံးမှ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

" အခုက ငါးကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုနဲ့ ချလိုက်တာပါ။ နောက်ထပ် တရားစွဲထားတာတွေရှိသေးတယ်။ ပိုင်နက်ကျူးလွန်မှုနဲ့တဲ့။ ဘုရားကို ၂၄ နာရီဖူးခွင့်ပေးမယ်လို့ ဗိုလ်မှူးကြီး တင်ဝင်း ကိုယ်တိုင်ပြောခဲ့ပြီး အခုဘာကြောင့်စွဲတာလဲလို့ မေးတော့ ငါကတိမပေးခဲ့ပါဘူးလို့ပြောတယ်"ဟု ဦးစိန်သန်း၏သမီးဖြစ် သူ မနေနွယ်သန်းက ပြောသည်။ ၃၃လ ဦးစိန်သန်းသည် ကျောက်တံတား တရားရုံးမှချမှတ်သော အလုပ်
နှင့်ထောင်ခြောက်လအပြင် သင်္ဃန်းကျွန်းတရားရုံးမှ ချမှတ်သော အလုပ်နှင့်ထောင်သုံးလ ပေါင်း ကိုးလဖြစ်ပြီး ကိုထင်ကျော်သည် စုစုပေါင်း ၃၃ လ ကျခံရကြောင်း သိရသည်။

ယခု (၉) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုတွင်လည်း မိကျောင်းကန်ပြည်သူ ၂၅ ဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ- ၄၄၇ ဖြင့် တရားစွဲဆိုထားပြီး သုံးဦးအား ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ဇွန်သီတာ
စံတော်ချိန် နေ့စဉ်သတင်းစာ