Tuesday, December 3, 2013

ငွေဖြည့်ကဒ် အတုတွေ ပေါ်

ဈေးဝယ် တစ်ယောက် ပထမ တသောင်းတန် တကဒ် ၀ယ်သွားတယ်။ ၀ယ်ပြီး သိပ်မကြာသေးခင်မှာပဲ ငါးထောင်တန် နှစ်ကဒ်နဲ့ လဲပေးပါ ဆိုလို့ လဲပေးလိုက်တယ်။ ခနနေတော့ သူလဲ သွားတဲ့ တသောင်းကဒ်ကို ဆိုင်ကဖုန်းတလုံးထဲ ဖြည့်တာ ဘယ်လိုမှဖြည့်မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေးကို Serial No. နဲ့ တိုက်ပြီး မေးကြည့်တော့ ငွေဖြည့်ကဒ်က လွန်ခဲ့တဲ့ တပတ်လောက်ကထဲက သုံးထားတဲ့ နံပတ်တွေပါတဲ့။

ဘေးနား ပတ်ဝန်းကျင်က အသိဆိုင်တွေ စုံစမ်းလိုက်တော့ သူတို့လဲ အဲလို မကြာခဏ ကြုံနေကြပါတယ်တဲ့။ ငွေဖြည့်ကဒ် အဟောင်းတွေကို ခဲပြန်အုပ် ပလတ်စတစ် ပြန်ဖုံးပြီး အသစ်နဲ့ အဟောင်းနဲ့လဲပြီး သုံးနေကြတာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ်လောက်ကို ငါးထောင်တန်နဲ့ ပြန်လဲခိုင်းတာပါ။

အတု တကဒ်တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတယ်။ တော်တော်ခွဲမရအောင် တူပါတယ်။ (တူမှာပေါ့ အစစ်ကို ခဲအုပ်ပြီး အိတ်နဲ့ထည့်ထားတာကိုး) အတုက ခဲခြစ် ထားတဲ့ပေါ်မှာ MPT ဆိုတာ မပါပါဘူး။ နောက်ပလတ်စတစ်က ပိုပါးပါတယ်။

သူငယ်ချင်းတို့လဲ ၀ယ်ရင် တခါထဲ ဖြည့်ခိုင်းပါ။ တခါထဲ မဖြည့်နိုင်ဖူးဆိုလဲ ခဲပေါ်မှာ MPT စာပါ မပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင်တူပါတရ်။ လောလော နဲ့ ၀ယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး သတိ ထားကြပါ...................
အောင်ချမ်းဖြိုး
ဟာဂျူလီ ကသာ