Wednesday, December 11, 2013

ခင်ဦးကျေးရွာတွင် ပျက်စီးနေသော စေတီတော် ပြုပြင်ရာမှ ရှေးဟောင်း ရုပ်ပွားတော်များ တွေ့ရှိ

မုံရွာ Wednesday, December 11, 2013
ကလေးခရိုင်၊ မင်းကင်းမြို့ နယ်၊ တောင်တွင်းဒေသရှိ ခင်ဦးကျေးရွာတွင် နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းနေသော စေတီတော်တစ်ဆူကို ဆရာတော်ကြီးများနှင့်ဒေသခံများ ၀ိုင်းဝန်းပြုပြင်ရန် ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ဒီဇင်ဘာလ ၁ ရက်က တွေ့ရှိ ခဲ့ကြောင်း စေတီတော်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာချိုကပြောကြားသည်။

“ဘယ်ခေတ်တုန်းက ဘယ်သူတည်ထားတယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာသမိုင်းအတိအကျမရှိတဲ့ စေတီတော် ပါ။ တူးဖော်တွေ့ရှိခဲ့တဲ့ ဆင်းတုတော်တွေကို နာယကဆရာတော်ကြီးတွေက ထိန်းသိမ်းစောင့်ရှောက် ထားပါတယ်”ဟု ဆရာချိုက ဆက်လက် ပြောကြားသည်။ ဆင်းတုတော်ဟောင်း ပြန်လည်ပြုပြင်မွမ်းမံရာမှ ဒီဇင်ဘာ လ ၁ ရက်တွင် ဉာဏ်တော် ၅ လက်မခန့်ရှိ ထိုင်တော်မူကြေးဆင်းတုတစ်ဆူ၊ သတ္တဌာ နဖြစ်စဉ်တော်ပုံပါ ပြာသာဒ်တော်၊ ရပ်တော်မူ၊ ထိုင်တော်မူနှင့် ဗျာဒိတ်တော်ပေး ကြေးဆင်းတုတော်များ၊ ဘုရားအလှူရှင်အမည်ပါ အုတ်ခွက်စာ ၁၅ လက်မခန့်တစ်ချပ်၊ ရွှေနားပန်တစ်ခု၊ စိန်တစ်ပွင့်၊ အဖြူရောင်(ဆင်စွယ်ဟုယူဆရသော) အခေါင်းပေါက်ပါပုတီးစေ့ (၂၁)လုံး၊ အနက်ရောင်အခေါင်းပေါက်ပါ ပုတီးစေ့ ၁၄ လုံး၊ အောင်မြေဟုယူဆရသည့် မြေအစိုင်အခဲများ ထည့်သွင်းထားသော မြေအိုးတစ် လုံး၊ ဆေးဘုရားဟုယူဆရသည့် ဗုဒ္ဓမျက်နှာတော်တစ်ဆူတို့ တူးဖော်တွေ့ရှိခဲ့ရကြောင်းသိရှိရသည်။

စေတီတော်ဟောင်းကို ပြန်လည်ပြုပြင်ပြီး ပြန်လည်တည်ဆောက်ရာတွင် အဆိုပါရှေးဟောင်းဆင်းတုတော် များနှင့် ဓာတ်တော်များ  ပြန်လည်ထည့်သွင်းပူဇော်မည်ဖြစ်ပြီး ယခုအခါ အများပြည်သူများ ဖူးမြော်နိုင်ရန် နာယကဆရာတော်ကြီးများထံတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
7Day Daily