Monday, December 30, 2013

ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်

ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့၊ ၂၀၁၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။

အဆိုပါ သေဆုံးကျောင်းသူသည် ၎င်း၏နေအိမ်ရှိ ကုတင်ပေါ်တွင် နာရေးကိစ္စအလို့အငှာ ပြင်ဆင်ထား ရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် ဘုတလင် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၅/ ၂၀၁၃ အရ အမှုဖွင့်၍ သေဆုံးရခြင်း အခြေအနေများကို ဆက် လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကိုတိုးကြီး
Mizzima - News in Burmese