Monday, December 9, 2013

စင်ကာပူမှာ ယာဉ်တိုက်မှုကနေ ဆူပူအကြမ်းဖက်မှုဖြစ်

စင်ကာပူမှာ ဆူပူအကြမ်းဖက်သူတွေနဲ့ ရဲတွေ မြို့လယ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးတဲ့နောက် ရဲက လူ ၂၇ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လူ ၁၆ ယောက်လည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ အများစုဟာ ရဲတွေ ဖြစ်ပါတယ်။

Little India ဆိုတဲ့ နေရာမှာ လူ ၄၀၀ လောက်ဟာ လမ်းပေါ်ထွက် ဆူပူခဲ့ကြပြီး ရေဗူးတွေ၊ လက်ရန်းတုတ်တွေနဲ့ ပစ်ခတ်ပြီး ကားတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နေရာမှာ ရွှေ့ပြောင်း အလုပ်သမားတစ်ယောက် ကားတိုက်ခံရလို့ သေဆုံးသွားခဲ့ပြီးတဲ့နောက် အခုလို ဆူပူမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နှစ် ၃၀ အတွင်း ပထမဆုံးဖြစ်တဲ့ ဆူပူမှုပဲလို့ ရဲမင်းကြီးက ပြောပါတယ်။
BBC Burmese