Friday, December 27, 2013

မြစ်သာ ရေလှောင်တမံ ဘက်စုံစီမံကိန်း အနီးတွင် မြို့ကွက်များ ဖော်ထုတ်တည်ဆောက်

ဂန့်ဂေါ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပြင်သာကျေးရွာ အနီးတွင် တည်ဆောက်အကောင် အထည်ဖော်လျက် ရှိသည့် မြစ်သာရေလှောင်တမံ အောက်ဘက်အနီးတွင် စံပြမြို့ကွက် သစ်တစ်ခု တည်ဆောက် ပေးထားသည်။ စံပြမြို့ကွက်သစ်တွင် ပနန်း၊ စပယ်၊ ယင်းမာနှင့် စင်ပုံအမည်ရှိ ကွက်သစ်လေးခု ပါဝင်ပြီး ပနန်း ကွက်သစ်တွင် အိမ်ရာ ၁၃၅ လုံး၊ စပယ်ကွက်သစ်တွင် အိမ်ရာ ၇၇ လုံး၊ ယင်းမာကွက်သစ်တွင် အိမ်ရာ ၆၇ လုံးနှင့် စင်ပုံကွက်သစ်တွင် အိမ်ရာ ၉၆ လုံး စုစုပေါင်း အိမ်ယာ ၃၇၅ လုံး တည်ဆောက်ပြီး ဖြစ်သည်။

ယင်းလူနေအိမ် ၃၇၅ လုံးသည် ပုံစံတူ၊ အရောင်အသွေးတူများဖြစ်သည်။ အရွယ်အစားလည်း တူညီကြ သည်။ ကွက်သစ်များတွင် အတွင်းလမ်းများကို ညီညာဖြောင့်တန်းစွာ စနစ်တကျဖောက်လုပ် ထားသည်။ လူနေအိမ် တစ်လုံး လျှင်ငွေကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိကြောင်း သိရသည်။ ကွက်သစ် တစ်ခုစီတွင် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးစီ လည်း ရှိကြသည်။ သောက်သုံးရေအတွက် စက်ရေတွင်းများ တူးဖော် ထားပြီး ရေစုကန်များမှ တစ်ဆင့် နေအိမ်များရှိ အုတ်ရေ ကန်များသို့ ရေပိုက်များဖြင့် ရေပေးဝေမည်ဖြစ်ရာ ကွက်သစ်များ တွင် နေထိုင်မည့် သူများ အဖို့ ရေအတွက် အချိန်ကုန်၊ လူပန်းဒုက္ခှမှ ကင်းဝေး မည်ဖြစ်သည်။

လျှပ်စစ်မီးလည်း ဖြန့်ဖြူးပေးမည်ဖြစ်ရာ လျှပ်စစ် မီးဖြင့် ထမင်း၊ဟင်းချက်ပြုတ်နိုင်ခြင်း၊ ရုပ်မြင်သံကြား ကြည့်ရှုနိုင်ခြင်း၊ စာဖတ်နိုင်ခြင်း၊ ညအချိန်မှာပင် အိမ်မှု ကိစ္စများ ဆောင်ရွက်နိုင်ခြင်း၊ အခြား လျှပ် စစ်မီးနှင့် ဆောင်ရွက်ရသည့်လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများခံစားရမည်ဖြစ်သည်။ ယင်းကွက် သစ်များ တွင် နေထိုင်မည့်သူများ လုပ်ကိုင် စားသောက်နိုင်ရန် အတွက် စိုက်ပျိုးမြေများ လည်း ဖော်ထုတ်ပေး ထားပြီး ကျွဲ၊ နွားများ သောက်သုံးရန် အတွက် လျှိုပိတ်တမံများလည်း တည်ဆောက် ထားသည်။

မြစ်သာ ရေလှောင်တမံအနီး တောထဲ၊ တောင်ထဲတွင်ပေါ်ထွန်းလာသော မြို့ကို ဒေသခံများက မြစ်သာမြို့ သစ် ဟု ခေါ်ဝေါ် သမုတ်နေကြသည်။ ပနန်း၊ စပယ်၊ ယင်းမာနှင့် စင်ပုံအမည်ရှိသော မြို့ကွက်များသည် သာယာ ပြီး နေချင်စဖွယ်နေရာဒေသ တစ်ခု အဖြစ် တွေ့မြင်ရ သည်။ မြစ်သာ ရေလှောင် တမံ ဘက်စုံ စီမံကိန်းပြီးမြောက် ပါက အနီးဝန်း ကျင်ရှိ ကျေးရွာများ သည် ဘက်စုံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ရာ ယင်းမြို့ ကွက်များ သည် ဒေသဖွံ့ဖြိုးရေး၌ အချက် အချာ ကျသည့် နေရာဒေသ တစ်ခုဖြစ် လာ ဖွယ်ရှိသည်။ နောင်တစ်ချိန်ကာလ၀ယ် ယင်းမြို့ကွက်များသည် စက်မှုလက်မှု လုပ်ငန်းများ ၊ ရောင်းရေး ၀ယ်တာ များဖြင့် စည်ကားသော နေရာဒေသတစ်ခု ဖြစ်လာနိုင်သည်။
MOI Webportal Myanmar