Tuesday, December 24, 2013

မွတ်ဆလင်မ်ညီအစ်ကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ

( မန်ဆိုရာမြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ်အနီး ကားဗုံးပေါက်ကွဲမှု)
24 Dec 2013
အီဂျစ်ဝန်ကြီးချုပ် ဟာဇမ် ဘီဘလာဝီသည် မွတ်ဆလင်မ်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhoo) အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန MENA က ပြောကြားသည်။ မန်ဆိုရာမြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ်အနီး ကားဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် ဘလာဝီ၏ ကြေညာပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ကားဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ပြီး အများစုမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ ကားဗုံးပေါက်ကွဲမှုအတွင်း အခြား လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network