Monday, December 16, 2013

စစ်ကိုင်း မွေးမြူရေးဇုံ မီးလောင်ကျွမ်း၊ အင်အား ၅၀၀ခန့်ဖြင့် မီးငြိမ်းသတ်ရ

မုံရွာ၊ မဇ္ဈိမ
စစ်ကိုင်းတိုင်း မွေးမြူရေးဇုန်ရှိ မွေးမြူရေးခြံများ ဒီဇင်ဘာလ ၁၆ရက် နံနက် ၁၀နာရီခွဲခန့်က မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ရာ ကြက်ခြံများ၊ ငုံးခြံနှင့် လူနေအိမ်တစ်ချို့ မီးလောင်ကျွမ်းခဲ့သည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက မဇ္ဈိမကိုပြောသည်။

မီးလောင်မှုကြောင့် ကြက်ခြံ ၈ခြံ၊ ငုံးခြံ ၁ခြံနှင့် လူနေအိမ် ၅လုံး မီးလောင်ကျွမ်းခဲ့သည်ဟု အစောပိုင်း သတင်းများအရ သိရှိရသည်။ သီးခြားအတည်ပြုချက်ကိုမူ မဇ္ဈိမက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မီးလောင်ကျွမ်းခြင်းကြောင့် မီးသတ်ယာဉ် ၂၀စီး၊ မီးသတ်အင်အား ၁၅၀၊ တပ်မတော်အင်အား ၁၀၀၊ ရဲတပ်ဖွဲ့ ၂၀၀ကျော်နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး မီးလောင်နေစဉ်က လေပြေ တိုက်နှုန်းသည် တစ်နာရီ ၅မိုင်ခန့်ရှိသဖြင့် မီးငြိမ်းသတ်ရန် ခက်ခဲခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ မီးလောင်ကျွမ်းခဲ့သည် မွေးမြူရေးဇုန်သည် မုံရွာမြို့၏ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာ၊
သာစည်လမ်းရှိ မွေးမြူရေးဇုံဖြစ်သည်။
ကိုတိုးကြီး
Mizzima - News in Burmese