Friday, December 27, 2013

အမေရိကန်သူနှင့် စကားပြန် စစ်ကိုင်းတွင် ဆိုင်ကယ်တိုက်ခံရ

ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့၊ ၂၀၁၃
စစ်ကိုင်းမြို့တွင် ရှင်လောင်းလှည့်ပြန်လာသူများကို ဓာတ်ပုံရိုက်ကူးနေသည့် အမေရိကန်သူတစ်ဦးနှင့် စကားပြန်တို့အား ဒီဇင်ဘာ ၂၄ ရက် ဆိုင်ကယ်တိုက်ခံရသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း စစ် ကိုင်းမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဆိုင်ကယ် အတိုက်ခံသည့်နေရာမှာ စစ်ကိုင်းမြို့၊ အောင်ချမ်းသာကျေးရွာ၊ “စံ” စက်သုံးဆီဆိုင်အနီး စစ်ကိုင်း - အုန်းတော ကားလမ်းမကြီးပေါ်တွင်ဖြစ်ပြီး ဆိုင်ကယ်အတိုက်ခံရသည့်အမေရိကန်သူမှာMrs. Maria Gloria အသက်(၁၃)နှစ်ဖြစ်သည်။

Mrs. Maria Gloria နှင့် စကားပြန် အဖြစ်လိုက်ပါလာသူမှာ မန္တလေးမြို့၊ အေးချမ်းသာဇံမြို့နယ်နေ ဦးအေးမင်းဆိုသူဖြစ်ပြီး ရှင်းလောင်းလှည့်နေသည်ကို ဓာတ်ပုံရိုက်နေစဉ် ဆိုင်ကယ်တစ်စီးမှ ၀င်ရောက် တိုက်မိခဲ့သည့်အတွက် ဧည့်နိုင်ငံခြားသူနှင့် စကားပြန်မှာ လမ်းပေါ်သို့လဲကျ၍ ဒဏ်များ ရရှိခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ကုသရေးဌာနတွင် ကုသမှုခံယူနေရခြင်းဖြစ်သည်။ အဆိုပါ လူနာကုသရေးဌာန၏ ခန့်မှန်းပြောဆိုချက်များအရ ဒဏ်ရာရ လူနာများသည် အသက် အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိဟု ဆိုသည်။

ဝင်ရောက်တိုက်မိခဲ့သည့် ဆိုင်ကယ်စီးလာသူကို မေရိကန်နိုင်ငံသူမှ အမှုဖွင့်ရန် ဆန္ဒမရှိသည့်အတွက် ဟုဆိုကာ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး၏မြို့တွင်လည်း ဧည့်နိုင်ငံခြားသား ထိုင်း နိုင်ငံသားတစ်ဦး ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့သေးသည်။
ကိုတိုးကြီး
Mizzima - News in Burmese