Thursday, December 26, 2013

မိဘပြည်သူများက သတင်းပေးခဲ့သဖြင့် လူပြန်ပေးလုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိ

ရန်ကုန် ဒီဇင်ဘာ ၂၆
တွံ့တေးမြို့နယ် တွံ့တေးမြို့မရဲစခန်းက (ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၆၅/ ၃၉၄ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသော တရားခံကျင်စိမ်း(ခ) ကျော်ဝင်းစိန်၊ ကထီး(ခ) သူရဇော်ဦး၊ သံပါးစပ်(ခ) စိုးမင်းဦး တို့အား ဖမ်းဆီးရမိရေး သတင်းပေးကြပါရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး၏ အင်တာနက် စာမျက်နှာ၌ နိုဝင်ဘာ ၁၅ ရက်က ဖော်ပြအကူအညီတောင်းခံခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂၆ ရက်တွင် ထွက်ပြေးတရားခံ သံပါးစပ်(ခ)စိုးမင်းဦအား ဖမ်းဆီးရ မိခဲ့ပြီး ကျန်ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကထီး(ခ) သူရဇော်ဦးနှင့် ပတ်သတ်၍ ပြည် သူတစ်ဦးက သတင်းပေးပို့မှုအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မြဝတီခရိုင်ရဲတပ်ဖွဲ့နှင့် ချိတ် ဆက်ဆောင်ရွက်ခဲ့ရာ ဒု-ရဲမှုး အောင်ထူးအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။

အဆိုပါအမှုမှ ထွက်ပြေးတရားခံကထီး(ခ) သူရဇော်ဦးအား အမြန်ဖမ်းဆီးရမိခဲ့ခြင်းမှာ မိဘပြည်သူများက သတင်းပေးခဲ့၍ ဖမ်းဆီးရမိခဲ့ခြင်းမှာ မိဘပြည်သူများက သတင်းပေးခဲ့၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းပေးပြည်သူများအားအထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်း တင်ထားရှိပါကြောင်း၊ နောင်တွင်လည်း မိဘပြည်သူများက ရဲတပ်ဖွဲ့နှင့်လက်တွဲ၍ ရဲနှင့်ပြည်သူတစ်သား တည်းဖြစ်စေရေး ကူညီသတင်းပေးပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံဖော်ပြလိုက်ကြောင်းနှင့် တရားခံ ကထီး(ခ) သူရဇော်ဦးအား ကူညီဖမ်းဆီးပေးသည့် ကရင်ပြည်နယ် မြဝတီခရိုင် ရဲတပ်ဖွဲ့အားလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်အပ်ထားကြောင်းလည်း သိရသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် သားအမိနှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံမွန်လေး(ခ) လွင်မျိုးသူအား ဖမ်းဆီးရမိရေး သတင်းပေးနိုင်ပါရန် ဒီဇင်ဘာ ၂၃ ရက်က တရားခံ၏ မှတ်တမ်းဓာတ်ပုံနှင့် အတူ သတင်း ပေးနိုင်သည့် ဖုန်းနံပါတ်များနှင့်တကွ ဖော်ပြထားရှိခဲ့ပြီး တွံ့တေးမြို့မရဲစခန်းက (ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၆၅/၃၉၄ အမှုမှ ကျန်ရှိထွက်ပြေး တိမ်းရှောင်နေသည့် တရားခံကျင်စိမ်း (ခ) ကျော်ဝင်းစိန်(၄၁)နှစ် အမှတ်-မရှိ ပတ္တမြားလမ်းကမ်းနားအနောက်ရပ်ကွက် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၇၂၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ အမှုမှ တရားခံ မွန်လေး(ခ) လွင်မျိုးသူ (၂၅)နှစ်(၁၀/မဒန(နိုင်)၁၁၀၃၇၄) ကော့ပရံကျေးရွာ မုဒုံမြို့ နယ် မွန်ပြည်နယ်တို့အားလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် မိဘပြည်သူများကလည်း ကူညီသတင်းပေးကြပါ ရန်နှင့် တရားခံများ၏ ဓာတ်ပုံ၊ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များဖြစ်သော ၀၁-၂၃၀၀၇၄၇(ကွက် ကဲမှုစခန်း)၊ ၀၉-၅၂၄၀၁၁၂ (ရဲမှုး-ဦးစီး)၊ ၀၉-၈၆၀၂၃၆၃(ရဲမှုး-မှုခင်း)၊ ၀၉-၈၆၀၂၃၈၆ (မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှုးရုံး)၊ ၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှုးရုံး)၊ ၀၁-၆၃၅၀၇၄ (မင်္ဂလာဒုံမြို့မရဲစခန်း)၊ ၀၉-၈၆၀၂၃၆၉ (တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုးရုံး) များသို့ သတင်းရရှိပါက ဆက်သွယ် အကြောင်းကြားရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
MOI Webportal Myanmar