Tuesday, December 17, 2013

အယ်ကေဒါးစစ်သွေးကြွများက မြို့တော် ဒမတ်စကတ်အနီးရှိ ဆီးရီးယားပြည်သူ (၁၀၀)ကျော်ကို သတ်ဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၇
အယ်ကေးဒါးအဖွဲ့နှင့် ဆက်နွယ်နေသည့် စစ်သွေးကြွများသည် ဒမတ်စကတ်မြို့ ဆင်ခြေဖုံးတွင် ဆီးရီးယား ပြည်သူ (၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

စစ်သွေးကြွများသည် နိုင်ငံဝန်ထမ်းများ၏ နေအိမ်များကို မီးရှို့ပြီး လူသားဒိုင်းများ အဖြစ် ပြုလုပ်နေကြကြောင်း၊ ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသ များ အစုလိုက်အပြံလိုက် သတ်ဖြတ်မှု များ ပြုလုပ် နေကြကြောင်း ကုလသမဂ္ဂ သို့ ပေးပို့တိုက်ကြားစာ တွင် ဖော်ပြထားသည်။

အကြမ်းဖက်သမားများအတွက် သတင်းနေရာပေးဖော်ပြသည့် အာရပ်မီဒီယာ များကို အပြင်းအထန် ရှုံ့ချပါကြောင်း၊ အဆိုပါအကြမ်းဖက်သမားများသည် အယ်ကေဒါနှင့် ကာတာနိုင်ငံမှ အထောက်အပံ့များကို ရရှိနေကြပါကြောင်း၊ အဆိုပါသတင်းဌာနများသည် ဆီးရီးယားနိုင်ငံ၏ ပုံရိပ်ကို ညှိနွမ်းစေ ရန် ဆောင်ရွက် နေသူများ ဖြစ်ပါကြောင်း ကုလသမဂ္ဂ အား ပေးပို့သည့် စာတွင် ဖော်ပြထားကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
MOI Webportal Myanmar