Tuesday, December 24, 2013

အအေးလှိုင်းကြောင့် ပခုက္ကူ ဘေထုပ်သည်များ ရောင်းအားကောင်း

နေဦးမောင်၊ ပခုက္ကူ၊ ဒီဇင်ဘာ-၂၂
အညာဒေသ ပခုက္ကူမြို့ကြီးများတွင် အိန္ဒိယနိုင်ငံမှ အအေးလှိုင်းများဝင်ရောက်၍ ယခင်နှစ်များနှင့် မတူ အအေးပိုကဲလာသောကြောင့် ဘေထုပ်သည်များ ရောင်းအားကောင်းနေကြောင်းသိရသည်။ ပခုက္ကူဒေသ သည်ချင်းတောင်၊ ယောနယ်နှင့် နယ်မြေနီးစပ်သောကြောင့် ဘေထုပ်သည်များ ရောင်းအား ကောင်းနေပြီး စီးပွားဖြစ်ထွန်းလျက်ရှိသည်။

" မင်းတပ်-မတူပီမှာ ရေတောင်ခဲနေလို့ ရက်ပိုင်းအတွင်း ပခုက္ကူကို ပြောင်းရွှေ့နေကြတာတွေ များနေ တယ် " ဟုပခုက္ကူသားတစ်ဦးက ပြောဆိုသည်။ ပခုက္ကူဘေထုပ်ဈေးကွက်တွင် လောင်းကုတ်အင်္ကျီများ မှာ ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ကျပ်ဝန်းကျင်၊ ကလေးအနွေးထည်ကျပ် ၁၀၀၀ မှ ၁၅၀၀၊ လူကြီး အနွေးထည်ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ