Tuesday, December 10, 2013

ထိုင်း-လာအို စတုတ္တမြောက် ချစ်ကြည်ရေးတံတား ဖွင့်လှစ်

ဓာတ်ပုံ - ယနေ့ ဖွင့်လှစ်သည့် ထိုင်း-လာအို ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ တက်ရောက်လာသော ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် လာအို ဒုတိယသမ္မတ ဗိုရာချစ်တ်
ထိုင်းနှင့် လာအို နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် စတုတ္တမြောက် ချစ်ကြည်ရေးတံတားကို ယနေ့ တရားဝင် ဖွင့်လှစ်လိုက်သည်။ တံတားဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် လာအိုနိုင်ငံ ဒုတိယသမ္မတ ဘွန်ဟန်းဟ် ဗိုရာချစ်တ်တို့ တက်ရောက်ခဲ့သည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် တံတားကို ထိုင်းနှင့် တရုတ်နိုင်ငံတို့က ပူးပေါင်းဆောက်လုပ်ခဲ့ပြီး မဲခေါင်ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေစေရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုင်းနှင့် တရုတ်သည် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိသည်။

ယခု တံတားကို ထိုင်းဘတ်ငွေ ၁.၅၇ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်ကို ထိုင်းနှင့် တရုတ်နိုင်ငံတို့က တစ်ဝက်စီ အကုန်အကျခံခဲ့ကြောင်း သိရသည်။
Planet Myanmar Network