Friday, December 27, 2013

လာမည့်နှစ် ပညာရေးဝန်ထမ်း အပြောင်းအရွှွေှ့နှင့် နေရာချထားရေးကိစ္စ ကယားအစိုးရ ကိုင်တွယ်မည်

Thu, 01/01/1970
လာမည့်ပညာသင်နှစ်မှစတင် ၍ ကယားပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအပြောင်း အရွှေ့နှင့် နေရာချထားရေးကို ပြည်နယ်အစိုးရကကိုင်တွယ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကယား ပြည်နယ်ပညာရေးဝန်ကြီးဦးစိန်ဦး ကပြောသည်။

ယခင်က ကယားပြည်နယ် အတွင်းရှိ စာသင်ကျောင်းများတွင် စာသင်ဆရာ၊ ဆရာမများခန့် အပ် ခြင်း၊ ပြောင်းရွှေ့ခြင်းတို့ကို ပြည်ထောင်စုအစိုးရက တိုက်ရိုက် တွယ်ခဲ့သော်လည်း လာမည့်ပညာ သင်နှစ်မှစ၍ကယားပြည်နယ်အစိုးရ ကို တိုက်ရိုက်ဆောင်ရွက်ခွင့်ပေး လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

““သမ္မတကြီးအနေနဲ့ ပြည်နယ် အတွင်းမှာရှိတဲ့ ဆရာ/ဆရာမ တွေ ရာထူးတိုးမြှင့်ရေးပြောင်းရွှေ့ ရေး ကိစ္စတွေကို စီမံခန့်ခွဲခွင့်ဆိုပြီး တော့မှ ပြည်နယ်အစိုးရလက်ထဲ ကိုထည့်ပေးလိုက်ပါပြီ။ ဆရာ ဆရာမတွေရဲ့ သွားရေးလာရေး နေရေးထိုင်ရေးကိစ္စတွေအဆင်ပြေ အောင်လုပ်ပေးနိုင်ဖို့ ကျွန်တော် တို့ပြည်နယ်အစိုးရကသာ အသိ ဆုံးဖြစ်ပါတယ်””ဟုကယားပြည် နယ်ပညာရေးဝန်ကြီး ဦးစိန်ဦး က ပြောသည်။

အဆိုပါ စီမံခန့်ခွဲခွင့်များကိုမိမိတို့ပြည်နယ်အစိုးရက ဆောင် ရွက်ခွင့်ရခဲ့သည့်အတွက်ကယား ပြည်နယ် ၏ပညာရေးလုပ်ငန်း စီမံခန့်ခွဲမှုများ၊ ဆရာ၊ ဆရာမ နေရာချထားရေး၊ သွားလာရေး နှင့် ပတ်သက်၍ အဆင်ပြေ အောင်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပြီး ပြည်နယ်၏ပညာရေး လုပ်ငန်းများသော်လည်း ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယခင်ကပြည်ထောင်စုအစိုးရ က ကယားပြည်နယ်အတွက် ဆရာ၊ ဆရာမများခန့်အပ်ပေးခဲ့ သော်လည်း တစ်နေရာနှင့် တစ် နေရာ သွားလာရသည့် ခရီးဝေး ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့် သွားလာရခက်ခဲ ခြင်း၊ နေထိုင်ရေး စားသောက်ရေး ကိစ်္စများ အဆင်မပြေဖြစ်ခဲ့သည့် အတွက် ပြည်နယ်အတွက်ဆရာ၊ ဆရာမများနေထိုင်နိုင်ရန် အဓိက အခက်အခဲဖြစ်နေကြောင်းသိရ သည်။

ကယားပြည်နယ်အတွင်းပညာ ရေးဝန်ထမ်း ခန့်အပ်ထားရေးအ ပြင် ကျန်းမာရေးဝန်ထမ်းခန့် ထား ရေးနှင့် ပြောင်းရွှေ့ကိစ္စများပါ ပြည်နယ်အစိုးရကတိုက်ရိုက်ကိုင် တွယ်သွားမည်ဖြစ်သည်။

ဆရာဖြစ်သင်တန်းများ ခေါ်ယူရာတွင်လည်းမြို့ပေါ်မှလူ များထက် ဘာသာစကားနှင့် နေ ထိုင်ရေးအခက်အခဲမရှိသည့်ဒေသ ခံများကိုသာ ဦးစားပေးခေါ်ယူ ပေးရန်လိုအပ်ကြောင်း ကရင်နီ ပြည်လူငယ်များသမဂ္ဂမှကိုဖိုးခွား ကပြောသည်။

““ကျေးလက်မှာလိုအပ်တဲ့ ဆရာဆရာမအရေအတွက်က စာရင်းပဲရှိပြီး အမှန်တကယ်စာသင် နိုင်တဲ့သူမရှိ ဘူး။ ဆရာမတွေလာ တယ် ပြီးတော့ပြန်ပြေးသွားကြ တာပဲ။ အဲဒီတော့ဒေသခံတွေကိုပဲ ရွေးတာဖြစ်စေ ချင်တယ်၊ ဒေသခံ တွေ ဖြစ်တဲ့အတွက်ဘာသာစကား အခက်အခဲမရှိနိုင်ဘူး၊ နေရေး စားရေးအဆင်ပြေ တယ်။သွားလာ ရေးလည်း အခက်အခဲမရှိဘူး။ ဥပမာကျေးရွာတိုက်နယ်တွေက နေမြို့ပေါ် တက်ပြီးတက္ကသိုလ် ကျောင်းတက်ကြတာတွေရှိ တယ်။  အဲဒီလိုလူတွေကိုသူ့ဒေသ အလိုက်ပြန်ခန့် ထားပေး စေချင်တယ်””ဟု၎င်းက ဆိုသည်။

လွန်ခဲ့သည့် ကိုးလခန့်က အစိုးရက မူလတန်းဆရာဖြစ်သင် တန်းလျှောက်လွှာ (၃၀၀) ခေါ်ယူရာတွင် လူ (၁၀) ဦးသာ ရွေးချယ်ခဲ့ပြီး အဆိုပါ (၁၀) ဦး သည်လည်း မြို့ကြီးများမှလူများ ကိုသာ ဦးစားပေးရွေး ချယ်သွား ကြောင်း၊ ပြည်နယ်အတွင်းမှ စိတ် ပါဝင်စားပြီး ဘွဲ့ရလူငယ်များဝင် ရောက်လျှောက် ထားခဲ့သည့်ဒေသခံ များကို မရွေးချယ်ခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။

ကယားပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၁၂) ကျောင်းရှိပြီး ကျောင်းသား ဦးရေ (၆၁၀၀၀) ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်း (၄၁၂) ကျောင်းရှိသည့်အနက် မခိုင်ခန့် သည့်ကျောင်းပေါင်း (၁၂၆) ကျောင်း ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ပညာသင်ကြားသူ များထပ်မံတိုးလာမည်ဖြစ်သည့် အတွက် ကျောင်းဆောင်သစ် (၉၂) ကျောင်းဆောက်လုပ်ရန် အတွက် ကျပ်သန်းပေါင်း ၅၄၀၀ တင်ပြတောင်းခံထားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မင်းဟိန်းထက် (မြစ်မခ)
Hot News Journal