Friday, December 20, 2013

ဆပ်ဖ်ကားအရှိန်လွန် ဂွန်ဒေါင်းယာဉ်ကိုနောက်မှဝင်တိုက်

ရေကြည်၊ ဒီဇင်ဘာ-၁၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မြို့မရပ်ကွက် ဈေးပိုင်း ပုသိမ်-မုံရွာကားလမ်း မိုင် တိုင် အမှတ် ၅၃/၁ နှင့် ၅၃/၂ အကြား ကားလမ်းပေါ်၌ ငါးသိုင်းချောင်းမှ ရေကြည်ဘက်သို့ မောင်းနှင် လာသော ဟိုင်းလပ်ဆပ်ဖ် အမျိုးအစားအနက်ရောင်ယာဉ်နှင့် ဂွန်ဒေါင်းယာဉ်တို့ ဒီဇင်ဘာ ၁၈ ရက် ညနေ ၄ နာရီက တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြို့မရပ်ကွက်အနီး ပုသိမ်-မုံရွာကား လမ်းမိုင်တိုင်အမှတ် ၅၃/၁ င့် ၅၃/၂ အကြားကားလမ်း ပေါ် တွင် ငါးသိုင်းချောင်းမှ ရေကြည်ဘက်သို့ ထွန်းထွန်း မောင်းနှင်လာသောဂွန်ဒေါင်းယာဉ်အား နောက် မှ မောင်းနှင်လာသည့် ယာဉ်မောင်းမျိုးမင်းအောင် မောင်းနှင့်သည့် ဟိုင်းလပ်ဆပ်ဖ်ကား
YGN-2E-4999 မှ အရှိန်ဖြင့် ၀င်တိုက်စဉ် ဂွန်ဒေါင်းယာဉ်မှာ ကားတိုက်မှု အရှိန်ကြောင့် အင်ဂျင်တုံး ၀ါးနှစ်ပြန်လွင့်ထွက်ခဲ့ပြီး ဂွန်ဒေါင်းမောင်းသူနှင့် ယာဉ်နောက်လိုက်တို့မှာ ဒဏ်ရာရရှိခဲ့သည်။

ဟိုင်းလပ်ဆပ်ဖ်ကားသည် ဂွန်ဒေါင်းယာဉ်ကို တိုက်ပြီး လမ်းဘေးဓာတ်တိုင်နှင့် လမ်းဘေးအသုပ်ဆိုင်ကို ဆက်လက်တိုက်မိရာ ဓာတ်တိုင်မှာ မြေကြီးမှ ကျွတ်ထွက်ခဲ့ပြီး ဦးတင်ဆန်း(၅၂)နှစ်၊ တရားရုံးလုပ် သား၊ဈေးပိုင်း၊မြို့မ ရက်ကွက်မှာ ခြေထောက်ဒဏ်ရာရခဲ့သည်။

တရားလိုဒုရဲအုပ် ဇော်မင်းသိန်းမှ ယာဉ်ပိုင်ရှင် မျိုးမင်းအောင် (၃၈) နှစ်ကားဝယ်ရောင်း ကျန်စစ်သားအိမ်ရာ လှိုင်သာယာမြို့နေသူအား ယာဉ် (ပ) ၂၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၇၉/၃၃၇/ ၃၃၈ ဖြင့် ရေကြည်ရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။
မင်းဇော်ဦး (ရေကြည်)
စံတော်ချိန် နေ့စဉ်သတင်းစာ