Wednesday, December 11, 2013

ရေနစ်နေသည့် ကလေးကို ဆင်းကယ်ရာမှ မိခင်ဖြစ်သူ သေဆုံး

ရေနစ်ပြီး သေဆုံးသွားသော ဒေါ်မအပ် (အသက် ၄၂ နှစ်)
(ဓါတ်ပုံ - Tuntun Win Facebook)
December 11, 2013
တနသာင်္ရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းတံတားအနီးရှိ မြို့သစ် (၇) လမ်းရှိ လယ်ကွင်းတွင် နေထိုင်သည့် လယ်သူမတဦး ၎င်း၏ ကလေးရေနစ်နေသည့်ကို ဆင်းကယ်ရာမှ ရေနစ်မြုပ်ပြီး သေဆုံးကြောင်း သိရပါသည်။

အသက် (၄၂) နှစ်အရွယ် လယ်သူမ ဒေါ်မအပ်သည် ဒီဇင်ဘာလ (၁၁) ရက် နေ့လည်ပိုင်းအချိန်တွင် ကမြောကင်းတံတား ဖြတ်ဆောက်ထားသော ကမြောကင်းချောင်းတွင် ၎င်းကလေးများဖြစ်ကြသည့် အသက် ၁၁ နှစ်အရွယ်သားဖြစ်သူနှင့် အသက် (၁၄) နှစ်အရွယ် သမီးဖြစ်သူတို့ ချောင်းတွင်း ရေးဆင်းကူးရာကနေ ရေနစ်နေသည်ကို မိခင်ဖြစ်သူက ဆင်းကယ်ရင်း ရေနစ်သေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

“ကလေးနှစ်ယောက် ရေဆင်းကူးရင် ရေနစ်လို့ အော်သူယောင်္ကျားကို အော်ကာ ဆင်းကယ်တယ်။ သူ့ယောင်္ကျားက ကလေးတွေကိုပဲ အရင်ကယ်တယ်။ သူ့မိန်းမကို နောက်မှ ကယ်တယ်ဆိုတော့ မိန်းမက ရေထဲ မြုပ်သွားတယ်။ ၄-၅ ယောက် ရေငုတ်ပြီးလိုက်ရှာတာ တော်တော်လေးကြာမှ အလောင်းတွေ့ရတယ်” ဟု ၀ိုင်းကယ်ရာတွင် ပါဝင်သူတဦးက ရှင်းပြခဲ့သည်။

ယခုအခါ အလောင်းကို ထားဝယ်ဆေးရုံကြီးသို့ သက်ဆိုင်ရာက ယူဆောင်သွားပြီး စစ်ဆေးမှုတွေ လုပ်နေသည့်ဟု သိရပါသည်။

ဒေါ်မအပ်တို့ မိသားစုသည် လယ်ကွင်းပြင်တွင် ရာသီပေါ်သီးနှံစိုက်ပျိုးလုပ်ကိုင်နေသည့် အချိန်ဖြစ်သောကြောင့် လယ်ကွင်းတွင် တဲထိုးနေထိုင်ကြသည်။

ထိုလယ်ကွင်းပြင်သည် အစိုးရက မြို့ပတ်လမ်းစီမံကိန်းအတွက် လျော်ကြေးမပေးပဲ ဖယ်ရှားခိုင်းသည့် မြေဧရိယာာတွင် ပါဝင်ပြီး ၎င်းအနည်းတူ ဖယ်ရှားခံရမည် မြေဧက ၄၀ နီးပါးရှိသည်ဟု လယ်သမားများထံမှ သိရသည်။
Tavoyan Voice