Tuesday, December 17, 2013

မြေပုံ ပြင်ဝန်းကျေးရွာ လိုင်းဘုတ်ကို ဘင်္ဂလီစက်လှေနှစ်စီးက တိုက်ခိုက်ရန်ကြံစဉ်

စစ်တွေ၊ ၁၇၊ ဒီဇင်ဘာလ ၊ ၂၀၁၃၊
မြေပုံမြို့မှ ပြင်ဝန်းကျေးရွာသို့ပြန်လာသော လိုင်းဘုတ် (စက်လှေ) ကို ယမန်နေ့ နေ့လည် ၂ နာရီခန့်က ချင်းတောင်ကျေးရွာအနီးမြစ်ပြင်ပေါ်တွင် ဘင်္ဂလီစက်လှေ နှစ်စီးက နောက်မှလိုက်ကာ တိုက်ခိုက်ရန် ကြံစဉ်ခဲ့ကြောင်းသိရသည်။

ယင်းလိုင်းဘုတ်တွင်ပါလာသော ခရီးသည်များက ဖုန်းဆက်ကာ အကူအညီတောင်းသဖြင့် ပြင်ဝန်းကျေး ရွာမှ ရွာသားများနှင့် ကျွန်းသာယာ အမြောက်တပ်မှ စစ်သည်အချို့တို့က စက်လှေ၁၀စီးဖြင့်လိုက်လာကြ သဖြင့် ယင်းကုလားစက်လှေများသည် မြေပုံ-ပေါက်တော ကြား အင်္ဂရားချိုင် ကျွန်းအနီးသို့ ထွက်ပြေး သွားကြသည်။

ထိုကုလားများထဲမှ ဘင်္ဂလီ ၁၆ ဦးကို ညနေ ၄နာရီလောက်တွင် ဖမ်းဆီးရမိပြီး ၊ ယင်းကုလားများတွင် ဓါတ်ဆီပုလင်းများ၊ ဓါးများပါလာကြောင်းသိရသည်။

ယင်းဖမ်းဆီးရမိသော ဘင်္ဂလီကုလားများကို ပြင်ဝန်း ကျေးရွာတွင် ဖမ်းဆီးထားပြီး ၁၇ ရက်နေ့နံနက် ၂နာရီတွင် ရေတပ်မှ လာရောက်ခေါ်ယူသွားကြောင်းသိရပြီး၊ မည်သည့်နေရာသို့ခေါ်ယူသွားမှန်း မသိရသေးပေ။

စက်လှေပေါ်မှ ဖမ်းမိသော ကုလားများသည် အသက် ၁၆ နှစ် မှ အသက်၂၀ အရွယ်သာရှိပြီး ရခိုင်၊ မြန်မာစကားလုံးဝ နားမလည်သဖြင့် ဘင်္ဂလာဒေရှ့်မှ တဆင့်ခိုးဝင်ကာ တိုက်ခိုက်ရန်ကြံ စဉ်ကြောင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
Coral Arakan News (သတင်း)