Saturday, December 21, 2013

အမျိုးသမီးဘောလုံးအသင်း ဂုဏ်ပြုငွေကျပ်သိန်း ၂"၂၀၀ကျော်ရရှိ

Saturday, December 21, 2013
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မလေးရှားနိုင်ငံအမျိုးသမီးဘောလုံးအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သော မြန်မာအမျိုးသမီးအသင်းအား စီးပွားရေးလုပ်ငန်းရှင်များက ကျပ်သိန်း၂၂၀၀ ကျော် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကြေးတံဆိပ်ဆုရရှိမည့် တတိယနေရာလုပွဲတွင် မလေးရှားအမျိုးသမီးအသင်း ကို ခြောက်ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သော မြန်မာအမျိုးသမီးအသင်းအား စီးပွားရေးလုပ်ငန်း ရှင်များက အသီးသီးဆုချီးမြှင့်ရာ ယင်းည ၉ နာရီခွဲအထိ ကျပ် ၂၂၁၅ သိန်း ရရှိနေကြောင်း မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

““အခုအချိန်ထိ မြန်မာအမျိုးသမီးအသင်းအတွက် ဆုငွေနှစ်ထောင့်နှစ်ရာနဲ့ ဆယ့်ငါးသိန်းရနေပါပြီ။ ဆုချတဲ့ သူတွေက တော်တော်များပါတယ်”” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောသည်။ ဦးအောင်ကိုဝင်း (ကမ္ဘောဇ ဘဏ်လီမိတက်) က ကျပ်သိန်းခြောက်ရာ၊ ဦးဇော်ဇော် (မြန်မာ နိုင်ငံဘော လုံးအဖွဲ့ချုပ်)က ကျပ်သိန်းသုံးရာ၊ ရွှေတောင်ကုမ္ပဏီက ကျပ်သိန်းသုံးရာ အပါအ၀င် အခြားသော လုပ်ငန်း ရှင်များကလည်း အသီးသီးဆုချီးမြှင့်ခဲ့ကျြကြောင်း ၎င်းကပြောသည်။ မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးပင်နယ်တီ အဆုံး အဖြတ်ဖြင့်ရှုံးနိမ့်ကာ ဗိုလ်လုပွဲစဉ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။  ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာ အမျိုးသမီးအသင်း၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုကြောင့် မြန်မာပြည်သူများ၏ အားပေးမှုကို လက်ခံရရှိခဲ့သည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံအမျိုးသမီးအသင်းနှင့် ဗီယက်နမ်နိုင်ငံ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ထိုင်းအမျိုးသမီးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးသွားသည်။
7Day Daily