Tuesday, December 17, 2013

သေဆုံးနေသည့် မွေးကင်းစကလေးငယ်တစ်ဦးအား စွန့်ပစ်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကားကြီး ကွင်းဟောင်း၊ လမ်းဘေးခြုံပုတ် အတွင်းရှိ သေဆုံးနေသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား စွန့်ပစ်ထားကြောင်း ဒီဇင်ဘာ ၁၅ ရက် ညနေ ၂နာရီခန့်က တွေ့ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် မွေးကင်းစကလေးငယ်မှာ မိန်း ကလေးဖြစ်ပြီး ကြွပ်ကြွပ် အိပ်ဖြင့် ထည့်လျက် ကတ္ထူပုံး အတွင်း၌ သေဆုံးနေရာ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးဆေးရုံကြီးသို့ ပို့အပ်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသည်။
MOI Webportal Myanmar