Tuesday, December 17, 2013

အလိုမတူပဲသားမယားအဖြစ်ပြုကျင့်မှု

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးအုပ်စု မဟင်ကုန်းကျေးရွာ၊ ရေကျော်ရပ်နေ ကိုတင်စန်း၏ နေအိမ်ဈေး ဆိုင် တွင် အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွားကြောင်း ကြားသိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၄ နာရီ အချိန်ခန့်တွင် မ………..(၁၆) နှစ်သည် ကိုတင်စန်း၏ ဈေးဆိုင်တွင် ဂွခြင်းယူ ရန် ရောက်ရှိလာစဉ် ကိုတင်စန်း(၃၃) နှစ်မှ ဈေးဆိုင်အတွင်း နင်းခိုင်၍ မ…………မှ နင်းပေးရာ ကိုတင်စန်းမှလက်အား ဆွဲကိုင်ပြီး ၎င်းခန္ဓာကိုယ်ပေါ် ဆွဲချချုပ်ကိုင်၍ အဓမ္မ သားမယားအဖြစ် (၁၀) မိနစ်ခန့်ပြုကျင့်သဖြင့် မ………….မှ ဖြူး မြို့မရဲစခန်းသို့ လာရောက်ပြီး ကိုတင်စန်းမှ ခင်မင်ရင်းနှီးမှုကို အခွင့် ကောင်းယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းသဖြင့် တရားခံ ကိုတင်စန်းအား သွားရောက်ဖမ်းဆီး ခေါ်ဆောင်၍ ၅၄၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အမှုအမှတ် ၈/၂၀၁၃ ဖြင့် အမှုဖွင့်အရေးယူထားရှိပါကြောင်း သတင်းရရှိပါသည်။
MOI Webportal Myanmar