Tuesday, December 17, 2013

မိတ္ထီလာအင်းဝဘဏ်တွင် အနုကြမ်းစီးလုယက်မှုဖြစ်ပွား


မိတ္ထီလာ - ဒီဇင်ဘာ ၁၇
မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကတစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ် ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်း သည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏ ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက်ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုးအိတ်တစ် လုံးအား ဆွဲ၍ ၀င်လာသော အမည်မသိ လူတစ်ဦးက ဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာ ကျန်လက်တစ် ဘက်မှ အရိုးအသွား ၁၅၄ လက္မခန့်ရှိ ဓါးဦးချွန်ဖြင့် ထောက်ကာ တစ်ယောက်မှ မလှုပ်နဲ့ အားလုံးငြိမ်ငြိမ်နေဟု ဆိုကာ ကြမ်းပြင်ပေါ် တွင် ၀န်ထမ်းများအား မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက် ၄င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ ဘဏ်ကောင် တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများ က ငြိမ်သက်နေခဲ့သည်။ အနုကြမ်းစီးသူက ၄င်း၏ဓါး ကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန် ဘဏ်ဝန်ထမ်းများကိုပြော
ဆို ခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာက ကောက်ယူလွှင့် ပစ်ပြီး လုံခြုံရေးဝန်ထမ်း များ ရောက်ရှိကာ အနုကြမ်းစီးသူအား ၀ိုင်းဝန်းဖမ်းဆီးကြသည်။

အခင်းဖြစ်ပွားရာသို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ခရိုင်ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး စ၀်နေလင်း ၊မြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးတို့  ချက်ချင်းရောက်ရှိလာပြီး အရေးယူဆောင်ရွက်မှုများ ကို ဦးဆောင်ကြီးကြပ် သည်။ အဆိုပါ အနုကြမ်းစီးလုယက် သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှဗိုလ်ကြီး အဆင့်ရှိသူဖြစ်သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ နယ်အမှတ် ၂ ရဲစခန်းမှ အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar