Monday, December 2, 2013

အ​မျိုး​သား​စာ​ပေ​ဆု​ပေး​ပွဲ ​ကျင်း​ပ (​ဓာတ်​ပုံ)

3 December 2013
အ​မျိုး​သား​စာ​ပေ ​တ​သက်​တာ​စာ​ပေ​ဆု၊ ​အ​မျိုး​သား​စာ​ပေ​ဆု​နဲ့ ​စာ​ပေ​ဗိ​မာန် ​စာ​မူ​ဆု ​ပေး​အပ်​ပွဲ​ကို ​ဒီ​ဇင်​ဘာ ၃ ​ရက်​နေ့ ​နံ​နက် ၉ ​နာ​ရီ​က ​အ​မျိုး​သား​က​ဇာတ်​ရုံ​မှာ ​ကျင်း​ပ​ရာ ​ဒု​တိ​ယ​သ​မ္မ​တ ​ဦး​ညဏ်​ထွန်း ​တက်​ရောက်​ပြီး ​တ​သက်​တာ​စာ​ပေ​ဆု​ရ ​ဆ​ရာ​ကြီး​နဲ့ ​ဆ​ရာ​မ​ကြီး​တွေ​ကို ​ဆု​ပေး​အပ်​ခဲ့​ပါ​တယ်။

၂၀၁၂ ​ခု​နှစ်​အ​တွက် ​အ​မျိုး​သား​စာ​ပေ ​တ​သက်​တာ​ဆု​အ​ဖြစ် 
စာ​ရေး​ဆ​ရာ​မ​ကြီး ​ဒေါ်​ခင်​ဆွေ​ဦး (​ခင်​ဆွေ​ဦး​)၊
ဆ​ရာ​ကြီး ​ဦး​အောင်​သင်း (​အောင်​သင်း​)၊ 
ဆ​ရာ​ကြီး ​ဦး​တင်​မောင် (​သိ​ပ္ပံ​မှူး​တင် ​တို့​ကို ​ပေး​အပ်​ခဲ့​ပါ​တယ်။
ဒီ​ဗွီ​ဘီ