Monday, December 30, 2013

ဒလ-ဗိုလ်ရန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်

ရန်ကုန်၊ ဒီဇင်ဘာ-၂၉
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မင်းရဲကျော်စွာ (၁)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၄၅ မိနစ်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ဒလမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်သူအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ကိုးဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်ယာဉ် နှစ်စီးတို့နှင့် ရပ်ကွက်ပြည်သူတို့ဝိုင်းဝန်း၍ စွန့်စားကြိုးပမ်းကာ မီးငြှိမ်းသတ်ကြသဖြင့် နံနက် ၂ နာရီတွင် မီးထိန်းထားနိုင်ပြီး ၂ နာရီ ၆ မိနစ်၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုတွင် အကျယ် ပေ ၂၀၊ အရှည် ပေ ၃၀ ရှိ သွပ်မိုးအုတ်ညှပ် နှစ်ထပ်အဆောက်အ အုံဖြစ်သော ဗိုလ်ရန် ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး အနီးရှိအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် ဒဏ်ရာ အနာတရရသူများ မရှိကြောင်း သိရသည်။
သန်းဌေး(ဒလ)
စံတော်ချိန် နေ့စဉ်သတင်းစာ