Thursday, December 5, 2013

အိ​န္ဒီ​ယ​ရဲ့ ​ဂူး​ဂဲလ် ​ဘွိုင်း​လ်

5 December 2013
အ​သက် ၅ ​နှစ် ​အ​ရွယ် ​အိ​န္ဒိ​ယ ​က​လေး​တ​ယောက်​ကို ​သူ​ရဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​သ​တိ​ရ​နိုင်​တဲ့ ​မ​ယုံ​ကြည်​နိုင်​လောက်​တဲ့ ​အ​ရည်​အ​ချင်း​အ​တွက် ​ဒေ​သ​ခံ ​မီ​ဒီ​ယာ​တွေ​က “​ဂူး​ဂဲလ် ​ဘွိုင်လ်” ​ဆို​တဲ့ ​ဘွဲ့​ထူး​ကို ​ပေး​ထား​ပါ​တယ်။

သူ့​သူ​ငယ်​ချင်း​တွေ​က ​အ​ခြေ​ခံ​အ​ရေး​နဲ့ ​အ​ဖတ်​တွေ ​သင်​နေ​ကြ​တဲ့ ​အ​သက်​မှာ ​ကော​တိ​ရ ​ပန်​ဒစ်​က ​က​မ္ဘာ့​ပ​ထ၀ီဝင်၊ ​တ​ဦး​ချင်း ​အ​သား​တင်ဝင်​ငွေ၊ ​ပြည်​တွင်း​အ​သား​တင် ​ထုတ်​လုပ်​မှု ​တန်​ဖိုး​တွေ​နဲ့ ​က​မ္ဘာ့ ​နိုင်​ငံ​ရေး​တွေ​နဲ့​ပတ်​သက်​ပြီး ​ရှုပ်​ထွေး​တဲ့ ​မေး​ခွန်း​တွေ​ကို ​ဖြေ​ဆို​နိုင်​ခဲ့​ပါ​တယ်။

ကော​တိ​ရ​ရဲ့ ​နား​လည်​မှု ​ရှိ​ဖို့ ​အ​သေး​စိတ် ​အ​သေ​အ​ချာ ​စစ်​ဆေး​နိုင်​စွမ်း​အား​တွေ​က ​လူ​တိုင်း​ကို ​ညှို့​ယူ ​ဖမ်း​စား​ပြီး ​မှင်​သက် ​ကျန်​ရစ်​စေ​ခဲ့​ပါ​တယ်။

အိ​န္ဒိ​ယ​နိုင်​ငံ​ရဲ့ ​မြို့​တော် ​န​ယူး​ဒေ​လီ​က​နေ ​မိုင် ၉၀ ဝေး​တဲ့ ​ရွာ​က​လေး​မှာ ​ကော​တိ​ရ ​နေ​ထိုင်​ပါ​တယ်။ ​ကျောင်း​ရဲ့ ​မ​နက်​ခင်း ​စုံ​ညီ​စုဝေး​မှု​မှာ ​ကော​တိ​ရ​ရဲ့ ​တင်​ဆက်​မှု​က ​ကျန်​တဲ့​သူ​တွေ​ထက် ​ပို​ပြီး ​ကောင်း​မွန်​ခဲ့​ပါ​တယ်။

သူ​က ​ငယ်​ရွယ်​သူ ​ပ​ရိ​သတ် ၀မ်း​သာ​အား​ရ ​ဖြစ်​သွား​ရ​အောင်ေ​ရှး​သ​က္က​တ​ဘာ​သာ ​စာ​ပေ​ထဲ​က ​ခက်​ခဲ​တဲ့ ​စာ​ပိုဒ်​တ​ခု​ကို ​ချော​ချော​မွေ့​မွေ့ ​ရွတ်​ဆို ​ပြ​နိုင်​ခဲ့​ပါ​တယ်။

ကော​တိ​ရ​ကို ​သူ့​အ​တန်း​မှာ ​မေး​ခွန်း​တ​ချို့ ​မေး​မြန်း​ခဲ့​ပါ​တယ်။

အိ​န္ဒိ​ယ​မှာ ​လူ​တွေ ​ဘယ်​လောက် ​နေ​ထိုင်​ကြ​သ​လဲ။

“​ဒီ​က​နေ့ ​လူ​ဦး​ရေ​က ၁ ​ဒဿ​မ ၂၇ ​ဘီ​လီ​ယံ​ပါ။ ​ဒါ​ပေ​မယ့် ၂၀၁၁ ​ခု​နှစ် ​သန်း​ကောင်​စာ​ရင်း​မှာ ၁ ​ဒဿ​မ ၂၁ ​ဘီ​လီ​ယံ ​ရှိ​ခဲ့​ပါ​တယ်။”

အိ​န္ဒိ​ယ ​မှာ ​ကျေး​ရွာ​ပေါင်း ​ဘယ်​လောက် ​ရှိ​လဲ။

“၆၃၈၅၉၆”

လ​ပေါ်​မှာ ​ပ​ထ​မ​ဆုံး ​လမ်း​လျှောက်​ခဲ့​တဲ့​သူ​က ​ဘယ်​သူ​ပါ​လဲ။

“​နေး​လ် ​အမ်း​စ​ထ​ရောင်း ​ပါ။”

အ​မေ​ရိ​ကန်​ပြည်​ထောင်​စု​ရဲ့ ​မြို့​တော်​က ​ဘာ​လဲ။

“၀ါ​ရှင်​တန် ​ဒီ​စီ။”

ကျန်​တဲ့ ​ကျ​နော်​ရဲ့ ​က​မ္ဘာ့ ​အ​သေး​အ​မွှား ​မေး​ခွန်း​တွေ​ကို​လည်း ​ကော​တိ​ရ​က ​အ​မှား​အ​ယွင်း​မ​ရှိ ​ဖြေ​သွား​ပါ​တယ်။

ကော​တိ​ရ​က ​အိုင်​ကျူ ၁၅၀ ​ရှိ​ပါ​တယ်။ ​အဲ​ဒါ​ဟာ ​စိတ်​ပ​ညာ​ရှင်​တွေ​ရဲ့ ​အ​ဆို​အ​ရ ​အဲလ်​ဘတ် ​အိုင်း​စ​တိုင်း​နဲ့ ​အ​တူ​တူ​ပါ​ပဲ။

အဲ​ဒီ​ကျောင်း​မှာ​ပဲ ​စာ​သင်​ပေး​နေ​တဲ့ ​ကော​တိ​ရ​ရဲ့ ​မိ​ခင် ​စူ​နီ​တာ ​ရှာ​မာ​က​တော့ ​သူ​သား​မှာ ​မ​ယုံ​နိုင်​လောက်​တဲ့ ​မှတ်​ဥာဏ်​ရှိ​တယ်​လို့ ​ပြော​ပါ​တယ်။

“​သူ​က ​တ​ခု​စီ ​အ​ရာ​ရာ​တိုင်း​ကို ​မှတ်​မိ​ပါ​တယ်။ ​သူ​စိတ်​နဲ့ ​ကိုယ်​က ​အ​မြဲ ​တ​ထပ်​တည်း ​ရှိ​ပါ​တယ်။ ​သူ​က ​အိပ်​တဲ့​အ​ခါ​မှာ​ပဲ ​အ​နား​ယူ​ပြီး ​ကျန်​တဲ့​အ​ချိန်​တွေ​မှာ ​အ​မြဲ ​တက်​ကြွ​လှုပ်​ရှား​မှု ​ရှိ​ပါ​တယ်။”

သူ့​ဆ​ရာ ​စာ​ရိ​တ​က ​သူ​က ​တ​ခြား​ကျောင်း​သား​တွေ​ထက် ​ရှင်း​ရှင်း​ကြီး​ကို ​သာ​လွန်​ပါ​တယ် ​လို့ ​ဆို​ပါ​တယ်။

“​သူ​မှာ ​မ​တူ​ကွဲ​ပြား​ပြီး ​သိပ်​ထက်​မြက်​တဲ့ ​ဦး​နှောက် ​ရှိ​ပါ​တယ်။ ​သူ့ ​မေး​ခွန်း​တွေ​ကို ​ကျ​မ​တို့ ​ဖြေ​ဖို့ ​ကြိုး​စား​ပါ​တယ်။ ​တ​ကယ်​လို့ ​ကျ​မ​တို့ ​မ​သိ​ရင် ​ကျ​မ​တို့ ​အင်​တာ​နက်​မှာ ​ရှာ​ပါ​တယ်။ ​အ​ဖြေ ​ကို ​သူ ​စိတ်​ကျေ​နပ်​သွား​ပြီ ​ဆို​တာ​နဲ့ ​သူ​က ​ဘယ်​တော့​မှ ​မ​မေ့​တော့​ပါ​ဘူး​ရှင်။ ​ဒီ​က​လေး​ရဲ့ ​အ​ရည်​အ​သွေး ​နဲ့ ​ပတ်​သက်​ပြီး ​ဖော်​ပြ​ဖို့ ​စ​ကား​လုံး ​မ​ရှိ​ပါ​ဘူး​။”

ဒေါက်​တာ ၀မ်​နာ​ဂွတ်ပ်​တား​က ​ဒီ​အေ​ဗီ​ရာ​စု ​အ​စိုး​ရ​ကျောင်း​ရဲ့ ​ကျောင်း​အုပ်​ကြီး ​ဖြစ်​ပြီး ​သူ​ရဲ့ ​ကျောင်း​မှာ ​ကော​တိ​ရ​ကို ​စ​ကား​ပြော​ခိုင်း​ဖို့​အ​တွက် ​ဖိတ်​ကြား​ဖို့ ​မိုင် ၂၀ ​ခ​ရီး​ကို ​သွား​ခဲ့​ပါ​တယ်။

“​ကျ​မ ​ကျောင်း​က ​ကျောင်း​သား​ကျောင်း​သူ​တွေ​က ​ကော​တိ​ရ​ကို ​တွေ့​ဖို့ ​သိပ်​စိတ်​လှုပ်​ရှား​ခဲ့​ကြ​တယ်​လေ။ ​ဘာ​လို့​လဲ​ဆို​တော့ ​သူ​တို့​က ​သူ​ရဲ့ ​ပင်​ကို​စွမ်း​ရည်​နဲ့ ​ပတ်​သက်​ပြီး ​ကြား​ထား​ခဲ့​ကြ​လို့​ပါ။ ​သူ​က ​သိပ်​ငယ်​ရွယ်​လွန်း​ပေ​မယ့် ​အ​ရာ​ရာ​တိုင်း​ကို ​သိ​နေ​တယ်​လေ။ ​အံ​ဩ​စ​ရာ​ပါ​ပဲ​ရှင်။”

ကော​တိ​ရ​ရဲ့ ​ဖ​ခင် ​စာ​တစ်​ရှ်​ရှာ​မာ​က ​ကျောင်း​အုပ်​ဆ​ရာ​ကြီး​ပါ။ ​သူ​က ​သူ​သား​ကို ​စမ်း​သပ်​ရ​တာ​ကို ​သ​ဘော​ကျ​ပါ​တယ်။ ​ဒီ​တ​ခါ ​တော့ ​အင်​ဒို​နီး​ရှား​နဲ့ ​ပတ်​သက်​တဲ့ ​မေး​ခွန်း​တွေ​ပါ။

သူ​က ​အင်​ဒို​နီး​ရှား​က​လေ။ ​အင်​ဒို​နီး​ရှား​က ​ဘယ်​နေ​ရာ​မှာ​လဲ။

“​မ​လေး​ရှား​နဲ့​စင်​ကာ​ပူ ​ကြား​မှာ​ပါ။ ​အင်​ဒို​နီး​ရှား​မြို့​တော်​က ​ဂျာ​ကာ​တာ​ပါ။”

အင်​ဒို​နီး​ရှား​ရဲ့ ​အ​ဓိ​က​ကျွန်း​တွေ​က ​ဘာ​တွေ​လဲ။

“​ဘော်​နီ​ယို၊ ​ဂျာ​ဗား​နဲ့ ​စူ​မား​ထ​ရား​ပါ။ ​ဒါ​ပေ​မယ့် ​ဂျာ​ဗား​က ​သေး​ပါ​တယ်။”

စာ​တစ်​ရှ် ​ရှာ​မာ​က ​သူ​သား​အ​တွက် ​သိပ်​ဂုဏ်​ယူ​ပါ​တယ်။ “​မိ​ဘ​တွေ​ဟာ ​သူ​တို့ ​က​လေး​တွေ​ရဲ့​စောင့်ေ​ရှာက်​ပေး​သူ​တွေ​ပါ​ပဲ။ ​က​လေး​တွေ​ကို ​နိုင်​ငံ​က ​ပိုင်​တာ​ပါ။ ​ကျ​နော်​တို့​က ​သူ့​ရဲ့ ​မေး​ခွန်း​တွေ ​အား​လုံး​ကို ​အ​ဖြေ​ပေး​ဖို့ ​ကြိုး​စား​ကြ​ပါ​တယ်။ ​ဘယ်​တော့​မှ ​လျစ်​လျူ​ရှု​မ​ထား​ပါ​ဘူး​။”

သူ​နဲ့ ​သက်​တူ​ရွယ်​တူ ​က​လေး ​အ​များ​စု​လို​ပဲ ​ကော​တိ​ရ​က ​က​တာ​ကို ​နှစ်​သက်​ပါ​တယ်။ ​အိ​န္ဒိ​ယ​ရုပ်​ရှင်​တွေ​ထဲ​က ​ဇာတ်ဝင်​ခန်း​တွေ​ကို ​သ​ရုပ်​ဆောင်​ပါ​တယ်။ ​ခ​ရစ်​ကက်​လည်း ​က​စား​ပါ​တယ်။

မ​ကြာ​ခင်​က ​သူ​နဲ့ ​ထင်​ရှား​ကျော်​ကြား​တဲ့ ​အိ​န္ဒိ​ယ​ရဲ့ ​နာ​မည်​ကျော် ​မင်း​သား​ကြီး ​အ​မီ​တာ ​ဘ​ဂျမ်း ​ပါဝင်​တဲ့ ​တီ​ဗွီ​ရှိုး​တ​ခု​က ​သူ့​ကို ​ထင်​ရှား ​ကျော်​ကြား​သွား​စေ​ခဲ့​ပါ​တယ်။

သူ့​ရဲ့ ​က​လေး​ဘ၀​က​တော့ ​အ​ခု​အ​ချိန်​မှာ ​သူ့ ​သူ​ငယ်​ချင်း​တွေ​နဲ့ ​အ​များ​ကြီး ​ကွာ​ခြား​သွား​ပါ​ပြီ။

ရတ်စ်ဝင်​ဒါ ​ဆေ​ဂဲလ်​က ​ဟာ​ရာ​န​က ​ကို​ဟင် ​အိ​န္ဒိ​ယ​ကျေး​ရွာ​က​လေး​က​နေ ​အာ​ရှ​ဒေ​သ ​သ​တင်း​ဆောင်း​ပါး​က​ဏ္ဍ​အ​တွက် ​သ​တင်း​ပေး​ပို့ ​ထား​ပါ​တယ်။
ဒီ​ဗွီ​ဘီ