Thursday, December 5, 2013

မန်းတွင် ယာထွန်ရာမှ ပျူခေတ်လက်ရာ ရွှေထည်ပစ္စည်းများတွေ့ရှိ ဆုကြေးငွေသိန်းပေါင်း ၅၀၀ကျော်ချီးမြှင့်

မန္တလေး-ဒီဇင်ဘာ၅
မန္တလေးတိုင်း ဒေသကြီးပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ် ဆယ်ဇင်းကုန်းကျေးရွာ အုပ်စု ၊မင်းကုန်းကျေးရွာတွင် ယာထွန်ရာမှပျူခေတ်လက်ရာ ရွှေထည်ပစ္စည်းများနှင့်ငွေထည်၊
ကျောက်ကွင်းတို့ရခဲ့သောဦးတင့်လွင်ကို ဆုကြေးငွေ ၅၂၂,၂၈၅၅၁ကျပ်(ငါးရာနှစ်ဆယ်နှစ်သိန်းရှစ်ထောင့်ငါးရာငါးဆယ်တစ်)ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒီဇင်ဘာ၎ရက်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၀၅၁
Popular Myanmar News Journal