Wednesday, December 11, 2013

နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ပြန်လွတ်လာ

အင်းစိန်ထောင် အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ၄၄ ဦး ပြန်လွှတ်ပေး
11 ဒီဇင်ဘာလ 2013
မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲ ဖွင့်ပွဲနေ့မှာ အစိုးရက နိုင်ငံရေး အကျဉ်းသား ၄၁ ယောက်ကို ထပ်မံ လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ် လာသူတွေထဲမှာ လက်ပံတောင် သပိတ်စခန်းကို အကြမ်းနည်းနဲ့ နှိမ်နင်းခဲ့တဲ့ ကိစ္စကို ဆန္ဒပြခဲ့လို့ အဖမ်းခံ ခဲ့ရတဲ့ ကိုဒီငြိမ်းလင်းတို့ ၆ ယောက်၊ သင်္ဃ္န်းကျွန်း မိကျောင်းကန် သပိတ် ခေါင်းဆောင် ဦးစိန်သန်းနဲ့ ဦးကျော်လွင်တို့ အပြင် လယ်သမား အရေး လုပ်နေသူ ဦးဝင်းချိုတို့လည်း ပါဝင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက တင်ပြခဲ့သူတွေကို သမ္မတ ဦးသိန်းစိန်က လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတက ဒီနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွတ် လာလိမ့်မယ်လို့ မျှော် လင့်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ကတော့ ၆၉ ယောက် ပြန်လွတ် လာခဲ့ပါတယ်။

လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အဖွဲ့ကတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၄၄ ယောက် ကျန်သေးတယ်လို့ ပြောပါတယ်။
BBC Burmese