Monday, December 30, 2013

တရုတ်နိုင်ငံ ဇီဂျန်းဒေသရဲစခန်းအား တိုက်ခိုက်သူများ ပစ်သတ်ခံရ

30 Dec 2013
တရုတ်နိုင်ငံရှိ မငြိမ်မသက်ဖြစ်နေသော ဇီဂျန်းဒေသတွင် ရဲစခန်းတစ်ခုအား လာရောက်တိုက်ခိုက်သူ ၈ ဦးကို ရဲများက ပစ်ခတ်သတ်ဖြတ်လိုက်ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ ၎င်းတို့ ၈ ဦးသည် ဖောက်ခွဲရေးပစ္စည်းများနှင့် ဓားများကိုင်လျက် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရဲစခန်းကို တိုက်ခိုက်သူများအနက် တစ်ဦးကို အရှင်ဖမ်းဆီးရမိထားကြောင်း ဇီဂျန်းဒေသဆိုင်ရာ အစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ အဆိုပါဒေသသည် အစ္စလာမ်ဘာသာဝင် အွိုင်ဂါလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသဖြစ်သည်။

(ဇီဂျန်းဒေသရှိ ကက်ရှ်ဂါမြို့ မြိ့လယ်တစ်နေရာ)
ဇီဂျန်းဒေသဆိုင်ရာ အစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို ဖော်ပြ ထားခြင်းမရှိ အာဏာပိုင်များအနေဖြင့် ယနေ့ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြော ကြားသည်။ ရဲစခန်းတိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို အွမ်ဂါဘာသာစကားအရ ယာခန်းဒ်ဟု ခေါ်ဝေါ်ကြ သည်။ အာဏာပိုင်များ၏ အဆိုအရ ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများမှာ ယခုနှစ်အတွင်း အလားတူတိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။
Planet Myanmar Network