Monday, December 30, 2013

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား ထူးထူးခြားခြား အဖြစ်အပျက်များ

( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်) - အိုင်ဗရီကို့စ်တွင် နှစ်သစ်ကူးပွဲတော် အတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူ (၆၀) ဦး သေဆုံးခဲ့

( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်)- အယ်လ်ဂျီးရီးယားတွင် ဓားစာခံ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား

( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်)- ဘရားဇီးနိုင်ငံရှိ နိုက်ကလပ်တစ်ခု တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု ကြောင့် လူ (၂၃၀) ဦးခန့် သေဆုံးခဲ့

(၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်)- ပုပ်ဂရဟန်းမင်းကြီး Benedict XVI ရာထူးမှ နုတ်ထွက်

( ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်)- ရုရှားနိုင်ငံတွင် ဥက္ကာပျံ ကျရောက်ပေါက်ကွဲမှုကြောင့် လူတစ်ထောင် ကျော် ထိခိုက်ဒဏ်ရာရ

( ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်) - ဘဏ်အတိုးနှုန်းပေါ်တွင် အခွန်ကောက် ရန် ဆိုက်ပရပ်စ်နိုင်ငံ စီမံ

( ၂၀၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်) - ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ အသက် ၈၇ နှစ်တွင် သေဆုံး

( ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်) - ဘော်စတွန်မာရသွန် ဗုံးပေါက် ကွဲမှု ဖြစ်ပွား

( ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်) - တရုတ်နိုင်ငံ၊ စီချွန်ပြည်နယ် တွင် ဖြစ်ပွားခဲ့သော ပြင်းအား (၇.၀) ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး (၁၈၆) ဦးခန့် သေဆုံး

( ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်) - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ၊ အထည်ချုပ် စက်ရုံတစ်ရုံ ပြိုကျမှုကြောင့် လူ (၇၀၀) ကျော် သေဆုံး

( ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်) - Yahoo က Tumblr ၀ယ်ယူခဲ့

( ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်) - သိပ္ပံပညာရှင်များက လူသားပင်မဆဲလ် အတုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့

( ၂၀၁၃ ခုနှစ်၊ မေလ ၁၉ ရက်) - အမေရိကန်နိုင်ငံတွင် ကြီးမားသောလေ ဆင်နှာမောင်း တိုက်ခတ်ခဲ့

( ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်) - လန်ဒန်တွင် ဗြိတိန်စစ်သားတစ်ဦးအား လူမဆန်သော ဓါးခုတ်သတ်မှုတစ်ခု ဖြစ်ပွား

( ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်)- Baltimore အပျော်စီးသင်္ဘော ကာရစ် ဘီယံပင်လယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့

( ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်) - အီဂျစ်တပ်မတော်က သမ္မတ Mursi အား ရာထူးမှ ထုတ်ပယ်

( ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်) - ဘိုရင်း ၇၇၇ လေယာဉ် ဆန်ဖရန်စစ္စ ကိုလေဆိပ်တွင် ပျက်ကျ

( ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)- စပိန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရထားလမ်းချော်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၈၀ ခန့် သေဆုံး

( ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)- ဆီးရီးယားတွင် ဓာတုလက်နက် သုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက် ထွက်ပေါ်

( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)- Microsoft က Nokia မိုဘိုင်း ဖုန်းဈေး ကွက် ဒေါ်လာ ၇.၂ ဘီလီယံဖိုး ၀ယ်ယူ

( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)- ၂၀၂၀ အိုလံပစ်အတွက် ဂျပန်နိုင်ငံ က အိမ်ရှင်အဖြစ် ရွေးချယ်ခံရ

( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)- ၀ါရှင်တန်ဒီစီရေတပ်ဝင်း အတွင်း ပစ်ခတ်မှု တစ်ခု ဖြစ်ပွား

( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)- ကင်ညာနိုင်ငံ Mall တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား

( ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)-အမေရိကန်အစိုးရ ယန္တရား ရပ်ဆိုင်းသွား

( ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) - ဖိလစ်ပိုင်နိုင်ငံတွင် Super Typhoon Haiyan တိုက်ခတ်ခဲ့

( ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်) - တောင်အာဖရိက သမ္မတ Nelson Mandela အသက် (၉၅) နှစ်တွင်သေဆုံး

( ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်) - တရုတ်နိုင်ငံက လပေါ် သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့
MOI Webportal Myanmar