Saturday, December 21, 2013

ဆင်နှာမောင်းဖြင့်ရိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး

တိုက်ကြီး ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဖလုံကံကုန်းအုပ်စုတွင် ဒီဇင်ဘာ ၂၀ ရက်က အမျိုးသမီးတစ်ဦး ဆင်နှာမောင်ရိုက်မိ၍ သေဆုံးကြောင်း သိရှိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်က တိုက်ကြီးမြို့မ ရဲစခန်းသို့ သတင်းပို့မှုကြောင့် တိုက်ကြီးမြို့မရဲစခန်းမှူး ရဲအုပ်သန်းဦးနှင့်အဖွဲ့ သွားရောာက်စစ်ဆေးရာ ဒေါ်တင်နု အသက်(၆၈)နှစ်သည် ဖလုံဘူတာအုပ်စု သပြုသစ်တောကြိုးဝိုင်း အကွက်အမှတ်(၈)တွင် ဒီဇင်ဘာ (၂၀)ရက် မွန်လွဲ(၂)နာရီခန့်က အိပ်ပျော်နေစဉ် တောဆင်ရိုင်း တစ်ကောင် ရောက်ရှိလာကာ ဒေါ်တင်နုအား နှာမောင်းဖြင့် ဆွဲချပြီး နှာမောင်းနှင့်
ရိုက်သတ်၍ သေဆုံးကြောင်း သားဖြစ်သူ ဦးဝင်းထွန်းနိုင်က ပြောပြ၍သိရသည်။

အလောင်းကို စစ်ဆေးကြည့်ရာ ယာခြေထောက်ကျိုးပဲ့ ၀ဲလက်ဖျံကွဲ ၀ဲတင်ပဆုံရိုးကျိုး နှာခေါင်းသွေးထွက်ဒဏ်ရာရရှိသေဆုံးလျက်ရှိသဖြင့် သေမှု သေခင်း ဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar