Friday, December 13, 2013

တောင်အာဖရိက လက်ဟန်ပြ သင်္ကေတ ဘာသာပြန်သူ ကောင်းကင် တမန်တော်များကို တွေ့ဟုဆို

ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သော နယ်လ်ဆင်မင်ဒဲလား၏ ဈာပနာအခမ်းအနားတွင် အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် အမှတ်တရ မိန့်ခွန်းပြောကြား နေစဉ် လက်ဟန် သင်္ကေတ ဘာသာပြန်ပေးသည့် အသက် ၃၄ နှစ် အရွယ် သမ်ဆာခါဂျန်တီ Thamsanqa Jantie ကို "တတ်ယောင်ကား အလိမ်အညာများကို လုပ်နေတာပါ။ သူ့၏ လက်များကို လှုပ်ရုံသာ လှုပ်ပြီး အဓိပ္ပာယ်လုံးဝ မရှိပါဘူး" ဟု ကျွမ်းကျင်သူများက စွပ်စွဲပြောကြားသည်။

သူနေထိုင်ရာ ဆိုဝေတိုမြို့ သို့ ပြန်ရောက်ပြီး မစ္စတာ ဂျန်တီက BBC , AFP အပါအ၀င် အခြားသတင်းဌာနများ နှင့် အင်တာဗျူး ရာတွင် ကောင်းကင် တမန်တော်များ ဈာပနာအခမ်းအနား ထဲသို့ ဆင်းသက်လာသည်ကို သူတွေ့ခဲ့ရပြီး ၊ သူတစ်ယောက်ထဲသာ အန္တရာယ်ကြားထဲကို ကျဆင်း ခဲ့ရကြောင်း သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစား နေရင်း ဘာတွေ ဖြစ်ပျက်နေသည်ကို ကမ္ဘာကို မထုတ်ဖော်မပြသမိအောင် ကြိုးစားခဲ့ရကြောင်း ၀မ်းနည်းစွာ ဖြေကြားခဲ့သည်။

ထို့အပြင် ၄င်းထံတွင် Schizophrenic ခေါ် စိတ်အကြားအမြင်အမျိုးစုံ ကြုံတွေ့ရသော ရောဂါရှိကြောင်း ကိုလည်း ၀န်ခံခဲ့သည်။
Popular Myanmar News Journal
Ref : The New York Times