Tuesday, December 10, 2013

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဆီးဂိမ်းဖွင့်ပွဲကို ထိုင်းဝန်ကြီးချုပ် ယင်လတ် တက်ရောက်ရန် စီစဉ်ထားခြင်းကို ပယ်ဖျက်ခဲ့

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံ တွင်ဖြစ်ပွားလျက်ရှိသော ဆန္ဒပြ ပွဲများကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်သည် မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၁ရက်၌ပြုလုပ်မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သောအင်္ဂါနေ့က ထိုင်း နိုင်ငံ အစိုးရရုံးချုပ်နေရာကို ဆန္ဒ ပြသူ တစ်သိန်းခွဲခန့်စုဝေးကာ ရာထူး မှယင်လတ်နုတ် ထွက်ရန် တောင်း ဆိုခဲ့ကြပြီး ဝန်ကြီးချုပ်ရာထူးမှနုတ် ထွက်မည်မဟုတ်သေးဘဲ ဖေဖော် ဝါရီလ ပြန်လည်ရွေးကောက်ပွဲအ ထိ ရာထူးဆက်လက်ရယူထားမည့် အပေါ် ယင်းအတိုက်အခံတို့ကငြင်း ဆန်ခဲ့ကြသည်။

ယခုကဲ့သို့ ရာထူးနေရာမ တည်မြဲမှု၊ နိုင်ငံရေးတည်ငြိမ်မှု ရှိ အောင်ကြိုး ပမ်းနေ ရသည့် အတွက် ကြောင့် မြန်မာနိုင်ငံအရှေ့တောင် အာရှအား ကစားပြိုင် ပွဲ ဖွင့်ပွဲအ ခမ်းအနားမတက်ရောက်ရန် ဆုံး ဖြတ်ခဲ့ခြင်း လည်း ဖြစ်သည်။
မင်းသန့်
Yangon Media Group