Friday, December 27, 2013

အင်ကြင်းကျောက်အလှဆင် ဈေးကွက်ဝင်နေ

နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်လူမျိုးများအတွက် အင်ကြင်းကျောက်ဖြင့်ထုလုပ် သာ အင်ကြင်းကျောက်အလှဆင် ပစ္စည်းများကိုဈေးကွက်ရှာရောင်း ချမှု တွင်ကျယ်လာနေကြောင်း အင်ကြင်းကျောက်အလှဆင်ပစ္စည်း ရောင်းသည့် အင်ကြင်းကမ္ဘာ အရောင်းဆိုင်က ဆိုသည်။

အင်ကြင်းကျောက်သားဖြင့် ပုတီး၊ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ ဆွဲသီး၊ဆွဲပြား၊ တိရစ္ဆာန် အရုပ်များထုလုပ်၍ ဈေးကွက် တင်ခဲ့ရာ ယခုအခါနိုင်ငံခြားသား များအတွက် ဟိုတယ်၊ မိုတယ်၊ အင်း တို့တွင် ကောင်တာဖွင့်၍ ရောင်းချပေးနေသည်။

အင်ကြင်းအလှဆင်ပစ်္စည်း များကို ကျန်းမာရေးစောင့်ရှောက် မှုအရ ရိုးရာဆင်ယင်မှုအရ၊ တရုတ်လူမျိုးအများအပြားက ၀ယ်ယူဝတ်ဆင်ကြသလို ချင်း၊ ကချင်တိုင်းရင်းသားများကလည်း အလှဆင်ဝတ်ဆင်ကြသည်။

နွားထိုးကြီးနယ်တွင် ဘုရား ကြီးရွာ၌ ရွာလုံးကျွတ် အင်ကြင်း ကျောက်အလှဆင်ပစ်္စည်း ထုတ် လုပ်ပြီး နွားထိုးကြီးမြို့ပေါ်တွင် ခေတ်မီစက်များနှင့် အလှဆင် ပစ္စည်းများ ထုတ်လုပ်ပြီး မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မုံရွာမြို့များသို့ တင် ပို့နေကြသည်။        
ဌေးမြင့်
Hot News Journal