Monday, December 9, 2013

တ​ရုတ်​အ​စိုး​ရ​က ​စစ်ေ​ရှာင်​ဒု​က္ခ​သည်​များ​ကို ​ဒီ​ဇင်​ဘာ ၁၅ ​နောက်​ဆုံး​ထား ​ပြောင်းေ​ရွှ့​ခိုင်း

9 December 2013
တ​ရုတ်​နိုင်​ငံ​အ​တွင်း​မှာ​ရှိ​တဲ့ ​တိုင်း​ရင်း​သား​စစ်​ဘေးေ​ရှာင်​စ​ခန်း​ကို ​တ​ရုတ်​အ​စိုး​ရ​က ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​မှု​မ​ရှိ​သေး​တဲ့ ​မြန်​မာ​ပြည်​ဘက်​ခြမ်း​ကို ​ဒီ​ဇင်​ဘာ ၁၅ ​ရက် ​နောက်​ဆုံး​ထား​ပြီး ​ပြန်​ခိုင်း​နေ​လို့ ​ဒု​က္ခ​သည်​တွေ ​အ​ခက်​အ​ခဲ ​ကြုံ​တွေ့​နေ​ရ​ပါ​တယ်။


တ​ရုတ်​နယ်​စပ်​နဲ့ ​မြန်​မာ​နိုင်​ငံ ​ပန်ဝါ​မြို့​ကြား ​လမ်း​ပန်း​ဆက်​သွယ်​ရေး​ခက်​ခဲ​တဲ့ ​ဖ​ရဲ​ရွာ​အ​နီး ​နယ်​စပ်​မှတ်​တိုင် ၆ ​မှာ ​ရှိ​တဲ့ ​စ​ခန်း​က ​ဒု​က္ခ​သည်​တွေ​ကို ​ဒီ​ဇင်​ဘာ ၁၅ ​နောက်​ဆုံး​ထား​ပြီး ​က​ချင်​လွတ်​မြောက်​ရေး​အ​ဖွဲ့ (​ကေ​အိုင်​အို ​ထိန်း​ချုပ်​ရာ ​မြန်​မာ​ဘက်​ခြမ်း​ကိုေ​ရှ့​ပြောင်း​ခိုင်း​နေ​တာ​ပါ။

ဒု​က္ခ​သည်​တွေ​ကို ​ကူ​ညီ​ပေး​နေ​သူ​တ​ဦး​က “​အ​ဓိ​က ​အ​စား​သောက်​က ​အ​ခက်​အ​ခဲ​ဖြစ်​နေ​တယ်။ ​သောက်​ရေ​က​လည်း ​ဒီ​ဇင်​ဘာ​က​နေ ​ဧ​ပြီ​လ​အ​ထိ ​ရေ​ခဲ​နေ​တဲ့​အ​တွက် ​ရေ​ဖို့ ​ခက်​ခဲ​နေ​တယ်။ ​က​လေး​တွေ​က ​မ​နက် ၄ ​နာ​ရီ​ခွဲ​လောက်​က​တည်း​က ​ရေ​တန်း​စီ​ပြီး ​ခတ်​နေ​ရ​တယ်။ ​အဲ​မှာ ​ကြည့်​လိုက်​ရင် ​နယ်​စပ်​တ​လျှောက်​မှာ​ရှိ​နေ​တဲ့ ​စစ်​ပြေး​ဒု​က္ခ​သည်​စ​ခန်း​တွေ​ထက် ​အဲ​ဒီ​နေ​ရာ​က ​ခက်​ခဲ​နေ​တာ ​တွေ့​ရ​တယ်” ​လို့ ​ပြော​ပါ​တယ်။

အဲ​ဒီ​စစ်​ပြေး​ဒု​က္ခ​သည်​စ​ခန်း​မှာ ​သောက်​သုံး​ရေ​မ​ရှိ​တာ​နဲ့ ​အိမ်​သာ ​မ​လုံ​လောက်​တာ​ကြောင့် ​က​လေး​ငယ် ၁၀ ​ယောက်​ထက်​မ​နည်း ၀မ်း​ပျက်ဝမ်း​လျှော​ရော​ဂါ ​ခံ​စား​နေ​ရ​တယ်​လို့ ​ဆို​ပါ​တယ်။


အဲ​ဒီ​စ​ခန်း​မှာ ​ဒု​က္ခ​သည် ၉၀၀ ​ကျော်​နဲ့ ​ကျောင်း​သူ​ကျောင်း​သား ၂၀၀ ​ကျော် ​နေ​ထိုင်​နေ​ကြ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

လွန်​ခဲ့​တဲ့ ၂၀၁၂ ​ခု​နှစ်​က ​အ​စိုး​ရ​နဲ့ ​က​ချင်​လွတ်​မြောက်​ရေး​တပ်​မ​တော် (​ကေ​အိုင်​အေ ​တပ်​ဖွဲ့​တွေ​အ​ကြား ​ဖြစ်​ပွား​ခဲ့​တဲ့ ​စစ်​ပွဲ​တွေ​ကြောင့် ​စစ်​ဖြစ်​ပွား​ရာ​အ​နီး ​ကျေး​ရွာ​တွေ​က ​ဒု​က္ခ​သည်​တွေ ​တ​ရုတ်​နိုင်​ငံ​ဘက်​ကို ​ထွက်​ပြေး​တိမ်းေ​ရှာင်​ခဲ့​ရ​တာ ​ဖြစ်​ပါ​တယ်။
ခွန်​ဇော်​ဦး
DVB