Thursday, December 12, 2013

ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံ ဒိုဟာမြို့ မှ ပြန်ရောက်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်၊ကာတာနိုင်ငံ ဒိုဟာမြို့ တွင်ပြုလုပ်သည့် ကိုးကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံတက်ရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ်။ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ

ယင်းညီလာခံကို ကာတာအမျိုးသားကွန်ဗန်းရှင်းစင်တာတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၁ ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှ ကျွမ်းကျင်သူ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အရှင်ဥာဏိဿရကိုပါ ဖိတ်ခေါ်ခဲ့သည်။
Mizzima - News in Burmese