Sunday, December 1, 2013

အ​စိုး​ရ​အိမ်​တော်​ကို ၀င်​ရောက်​ဖို့​ကြိုး​စား​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​ရဲ​က ​နှိမ်​နင်း

1 December 2013
ထိုင်း​နိုင်​ငံ ​ဘန်​ကောက်​မြို့​မှာ ​အ​စိုး​ရ​ကို ​ဆန့်​ကျင်​ဆ​န္ဒ​ပြ​သူ​နေ​သူ​တွေ​ဟာ ​ဒီ​ဇင်​ဘာ​လ ၁ ​ရက် ​တ​န​င်္ဂ​နွေ​နေ့​မှာ ​အ​စိုး​ရ​အိမ်​တော်​ကို ၀င်​စီး​ဖို့ ​ကြိုး​စား​ခဲ့​တာ​ကြောင့် ​အ​ဓိ​က​ရုဏ်း ​နှိမ်​နင်း​ရေး​ရဲ​တွေ​က ​မျက်​ရည်​ယို​ဗုံး​တွေ​နဲ့ ​ပစ်​ခဲ့​ပါ​တယ်။

ဝန်​ကြီး​ချုပ်​ရုံး​ထိုင်​ရာ ​အ​စိုး​ရ​အိမ်​တော်​ရဲ့ ၀င်​ပေါက်​တွေ​မှာ ​ထောင်​နဲ့​ချီ​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ ၀င်​ဖို့ ​ကြိုး​စား​နေ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

မ​နက်​ပိုင်း​တုန်း​က ၀န်​ကြီး​ချုပ် ​ရင်း​လပ်​ရှင်​နာဝပ်​ထ​ရာ ​နေ​ခဲ့​တဲ့ ​အ​ဆောက်​အ​ဦ​ဟာ​လည်း ​ဆ​န္ဒ​ပြ​သူ​တွေ ၀ိုင်း​တာ ​ခံ​လိုက်​ရ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ၀န်​ကြီး​ချုပ်​က​တော့ ​အ​န္တ​ရာယ်​ကင်း​ကင်း​နဲ့ေ​ရှာင်​ထွက်​သွား ​နိုင်​ခဲ့​ပါ​တယ်။

တ​ခြား​ဆ​န္ဒ​ပြ​သ​မား​အုပ်​စု​တွေ​က ​ထိုင်း​ရုပ်​မြင်​သံ​ကြား​ဌာ​န​တ​ခု​ဖြစ်​တဲ့ ​တီ​ပီ​ဘီ​အက်စ် (TPBS)​ရုံး​ကို ​ချီ​တက် ​သွား​ကြ​ပြီး ​ရုပ်​မြင်​သံ​ကြား​ဌာ​န​ရဲ့ ​အ​စိတ်​အ​ပိုင်း​တ​ချို့​ကို ​သိမ်း​ထား​လိုက်​ပါ​ပြီ။ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​အဲ​ဒီ​ရုပ်​မြင်​သံ​ကြား​က​နေ ​သူ​တို့​ရဲ့ ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကို ​ထုတ်​လွှင့်​ပေး ​စေ​ချင်​တယ်​လို့ ​ထိုင်း​သ​တင်း​တွေ​က ​ဆို​ပါ​တယ်။

အ​စိုး​ရ​ကို ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​သူ​တို့​အ​နေ​နဲ့ ​အ​ကြမ်း​ဖက်​မှု​တွေ​ကိုေ​ရှာင်​ရှား​ပြီး ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကို ​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ ​ဆက်​လုပ်​သွား​ချင်​တယ်​လို့ ​ပြော​ပါ​တယ်။

သူ​တို့​တွေ​ဟာ ​ဒီ​နေ့​မှာ ​အ​စိုး​ရ​အိမ်​တော်၊ ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​ဌာ​နဲ့ ​အ​လုပ်​သ​မား ၀န်​ကြီး​ဌာ​န​တွေ​ကို ​အ​ဓိ​က​ထား ​သိမ်း​ဖို့ ​စီ​စ​ဉ်​ထား​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

ဒါ​ကြောင့် ​မ​နေ့​က ​နိုဝင်​ဘာ ၂၉ ​ရက်​နေ့​က​တည်း​က ​အ​စိုး​ရ​ရုံး​တွေ​မှာ ​လုံ​ခြုံ​ရေး​တွေ ​တင်း​ကျပ်​ထား​သ​လို ​ထောင်​နဲ့​ချီ​တဲ့ ​အ​စိုး​ရ​ကို ​ထောက်​ခံ​သူ ​ရှပ်​နီ​ဘက်​တော်​သား​တွေ​က​လည်း ​ဘန်​ကောက်​မြို့​ရဲ့ ​အ​ကြီး​ဆုံး ​ရာ​ဇ​မ​င်္ဂ​လာ ​အား​က​စား​ကွင်း​ထဲ​မှာ ​လာ​ရောက်​စုဝေး ​နေ​ခဲ့​ကြ​ပါ​တယ်။

အဲ​ဒီ​ည​ပိုင်း​မှာ​တော့ ​အား​က​စား​ကွင်း ​အ​ပြင်​ဘက်​မှာ ​အ​စိုး​ရ​ကို ​ဆန့်​ကျင်​သူ​တွေ​နဲ့ ​ထောက်​ခံ​သူ ​ရှပ်​နီ​ဘက်​တော်​သား​တွေ​ကြား ​ပ​ဋိ​ပ​က္ခ ​ဖြစ်​ခဲ့​လို့ ​အ​နည်း​ဆုံး​လူ ၂ ​ယောက် ​သေ​ပြီး ၄၀ ​ကျော် ​ဒဏ်​ရာ​ရ​ခဲ့​ပါ​တယ်။

ဝန်​ကြီး​ချုပ် ​ရင်း​လပ်​ရှင်​နာဝပ်​ထ​ရာ​ရဲ့ ​အ​စိုး​ရ​အ​ဖွဲ့​ကို ​ဖြုတ်​ချ​ဖို့ ​ဆ​န္ဒ​ပြ​နေ​ကြ​တဲ့ ​အ​စိုး​ရ ​ဆန့်​ကျင်​သူ​တွေ​ရဲ့ ​ခေါင်း​ဆောင် ​အ​တိုက်​အ​ခံ ​ဆူ​သက် (Suthep)​က ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကို ​အ​ရှိန်​မြှင့်​ဖို့​နဲ့ ​ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့​မှာ ​အ​စိုး​ရ​အ​ဆောက်​အ​ဦ​တွေ​ကို ၀င်​သိမ်း​ဖို့ ​နိုဝင်​ဘာ ၂၉ ​ရက်​နေ့​က ​ကြေ​ငြာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဘန်​ကောက်​မြို့​မှာ ​အ​စိုး​ရ​ကို ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ဆက်​တိုက်​ဖြစ်​လာ​ခဲ့​တာ ၁ ​ပတ် ​ကြာ​မြင့်​နေ​ပြီ ​ဖြစ်​ပြီး ​အ​စိုး​ရ​အ​ဆောက်​အ​ဦ​တ​ချို့​၊ ​ဆက်​သွယ်​ရေး​နဲ့ ​ရုပ်​မြင်​သံ​ကြား​ဌာ​န ​တ​ချို့​တွေ​ကို ​အ​စိုး​ရ​ဆန့်​ကျင်​သူ​တွေ ​သိမ်း​ထား​ခဲ့​ကြ​ပြီး ​ဖြစ်​ပါ​တယ်။

နိုင်​ငံ​ပြင်​ပ​ကို ​ထွက်​ပြေး​သွား​တဲ့ ​လက်​ရှိ ၀န်​ကြီး​ချုပ် ​ရင်း​လပ်​ရှင်​နာဝပ်​ထ​ရာ​ရဲ့​အ​ကို ၀န်​ကြီး​ချုပ်​ဟောင်း ​သက်​ဆင်​ရှင်​နာဝပ်​ကို ​ပြည်​တော်​ပြန်​ခွ​င့် ​ရ​အောင်​လုပ်​ပေး​မ​ယ့် ​လွတ်​ငြိမ်း ​ချမ်း​သာ​ခွ​င့်​ကိ​စ္စ ​ပေါ်​လာ​က​တည်း​က ​အ​ထက်​တန်း​လွှာ​နဲ့ ​လူ​လတ်​တန်း​စား​တွေ ​အ​များ​စု ​ပါဝင်​တဲ့ ​ဆန့်​ကျင်​ဆ​န္ဒ​ပြ​ပွဲ​တွေ ​စ​ဖြစ်​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

တ​ဘက်​မှာ​လည်း ​အ​ခြေ​ခံ​လူ​တန်း​စား​တွေ ​အ​များ​ဆုံး​ပါဝင်​တဲ့ ​ရှပ်​နီ​အုပ်​စု​က​လည်း ​ဘန်​ကောက်​မြို့​ရဲ့ ​အား​က​စား​ကွင်း​ထဲ​မှာ ၀န်​ကြီး​ချုပ် ​ဦး​ဆောင်​တဲ့ ​အ​စိုး​ရ​အ​ဖွဲ့​ကို ​ထောက်​ခံ ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ကျင်း​ပ​နေ​ခဲ့​ပါ​တယ်။
DVB