Monday, December 2, 2013

မိကျောင်းကန် မြေသိမ်းခံရသူများ နောက်ဆုံးပိတ် သပိတ်တိုက်ပွဲ ဆင်နွှဲရန် လူ၃ဝဝကျော် သရဏဂုံတင်

မိကျောင်းကန်မြေသိမ်းခံရသူများ နောက်ဆုံးပိတ်
သပိတ်တိုက်ပွဲဆင်နွှဲရန် လူ၃ဝဝကျော် သရဏဂုံတင်နေပုံ
Tuesday, 03 December 2013
လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက သင်္ဃ္န်းကျွန်းမြို့နယ်ရှိ မိကျောင်း ကန်ရပ်ကွက်သပိတ်စခန်းကို ဖယ် ရှားပေးရန် တောင်းဆိုလိုက်သော် လည်း မြေသိမ်းခံရသူများဘက် က ယင်းတို့၏နောက်ဆုံးသပိတ် တိုက်ပွဲအဖြစ် ရင်ဆိုင်ရန်အတွက် ဆန္ဒဖော်ထုတ်နေသူ ၃ဝဝကျော် က သရဏဂုံတင်ပွဲကို ပြု လုပ်လိုက် ကြောင်း သိရသည်။

ဒီဇင်ဘာ၂ရက် နံနက်ပိုင်း က သံဃာတော်များကို ပင့်ဖိတ် ပြီး သပိတ်စခန်း၌ဆန္ဒထုတ်ဖော် သူများက သရဏဂုံတင်ခဲ့ခြင်းဖြစ် ကာ ယင်းတို့၏တောင်းဆိုချက် ခုနစ်ချက်ကို သက်ဆိုင်ရာတာဝန် ရှိသူများဘက်မှ လိုက်လျောမှုမ ပြုသရွေ့ သပိတ်စခန်းကိုဖျက်သိမ်း မည်မဟုတ်ကြောင်း သိရသည်။

ခုနစ်ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့သည့် မိကျောင်း ကန်အပိုင်း ၁၊ ၂၊ ၃ မြေသိမ်းခံ ရမှုသပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော် မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဖယ်ရှားပေးရန် ယနေ့နံနက်၁၁ နာရီဝန်းကျင်က သပိတ်စခန်းကိုယ် စားလှယ်များ ကို တောင်းဆိုခဲ့ပြီး ဖယ်ရှားမှုမပြုလုပ်ပါက တရား ဥပဒေနှင့်အညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်နေသူ များကို အသိပေးပြောသည်။

''တရားဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ယနေ့ နံနက်၁၁နာရီဝန်းကျင်က သင်္ဃ္န်းကျွန်းမြို့နယ် ခရိုင်အုပ် ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် သပိတ်စခန်းကိုယ်စားလှယ်များ နှင့် ယင်းတို့၏တွေ့ဆုံပွဲတွင် ဗိုလ် မှူးကြီးတင်ဝင်းက ပြောသည်။

ယနေ့ပြုလုပ်သည့်နယ်/လုံ ဝန်ကြီးနှင့် မိကျောင်းကန်သပိတ် စခန်း ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးပွဲ တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး၊ အိုးအိမ်ဦးစီးဌာန၊ စည်ပင် သာယာ၊ ဥပဒေအရာ ရှိ၊ မြို့နယ် ရဲမှူးစသည်တို့ပါဝင်ခဲ့ပြီး ဆန္ဒ ထုတ်ဖော်သူများ၏ တောင်းဆို ချက်ခုနစ်ချက်တွင် ဘုရားဖူး ခွင့် ပေးရန်ဆိုသည့် တောင်းဆိုချက် တစ်ခုကို နယ်/လုံဝန်ကြီးကလိုက် လျောခဲ့ပြီး ကျန်ခြောက်ချက်ကို ယင်းအနေဖြင့် ဆောင်ရွက်ပေး ခွင့်မရှိကြောင်း ပြောသည်။

အဆိုပါတွေ့ဆုံညှိနှိုင်းမှု တွင် အဆင်မပြေခဲ့သည့်အတွက် ဆန္ဒထုတ်ဖော်သူများက သပိတ် စခန်းကို ဖျက်သိမ်းပေးမည်မဟုတ် ကြောင်း ပြောကြားလိုက်ပြီး အဓမ္မ မြေသိမ်းယူခံရမှုများအတွက် ဖြေ ရှင်းဆောင်ရွက်ပေးမှုမရှိမချင်း သပိတ်စခန်းကို ဆက်လက်ဖွင့်လှစ် ထားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်မတို့ရဲ့တောင်းဆို ချက်ခုနစ်ချက်မှာ ခြောက်ချက် အပယ်ခံရတယ်။ အဲဒီအတွက် သပိတ်စခန်းကို ဆက်လက်ဖွင့် လှစ်သွားမယ်။ တရားဥပဒေနဲ့မညီ လို့ အရေးယူမယ်ဆိုရင်လဲ အရေး ယူတာကို ခံယူသွားမှာပါ''ဟု မိ ကျောင်းကန် အပိုင်း(၁၊ ၂၊ ၃)သပိတ်စခန်းမှ ဒေါ်နေနွယ်သန်း ကပြောသည်။

အဆိုပါမိကျောင်းကန်အ ပိုင်း (၁၊ ၂၊ ၃)ရပ်ကွက်များမှ နေ ထိုင်သူများကို တပ်မတော်အစိုးရက ၁၉၉၁ ခုနှစ်တွင် ဖယ်ရှားခဲ့ရာ တွင် ယခုဆန္ဒထုတ်ဖော်နေသူများ ကို နစ်နာမှုလျော်ကြေးမပေးခဲ့ ကြောင်း ဆန္ဒထုတ်ဖော်သူများ၏ ပြောကြားမှုအရ သိရသည်။

''သေနတ်နဲ့ချိန်ပြီး ပြောင်း ပေးမလား၊ မပေးဘူးလားလို့ မေး ပြီးရွှေ့ခိုင်းတာ။ သေနတ်နဲ့ချိန် ထားတာ တစ်ဖက်တည်းမဟုတ် ဘူး။ နှစ်ဖက်ညှပ်ပြီးတော့ကိုချိန် ပြီး ရွှေ့ခိုင်းခဲ့တာ''ဟု လျော်ကြေး မဲ့ဖယ်ရှားခံရ သည့် မိကျောင်းကန် ရပ်ကွက် အပိုင်း(၃)တွင်နေထိုင် ခဲ့သည့် အမျိုးသမီးတစ်ဦးက ရွှေ့ ပြောင်းစဉ်က အခြေအနေအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန် ကြီးကိုတင်ပြချက်အရ သိရသည်။

အဆိုပါမိကျောင်းကန်အ ပိုင်း (၁၊ ၂၊ ၃)ရပ်ကွက်နှင့်ပတ် သက်ပြီး ဆန္ဒထုတ်ဖော်မှုအကြိမ် ကြိမ်ပြု လုပ်ထားပြီး သပိတ်စခန်း ဖွင့်လှစ်မှုပထမအကြိမ်ကို ရန်ကုန် မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့ ကာ ပြည်ထောင်စုလွှတ်တော် လယ် ယာမြေနှင့် အခြားမြေများစုံစမ်း စစ်ဆေးမှုကော်မရှင်က စုံစမ်းစစ် ဆေးမှုပြုလုပ်ထားသော်လည်း ထူးခြားမှုမရှိကြောင်း ဆန္ဒထုတ် ဖော်သူများက ပြောသည်။
Yangon Media Group