Thursday, December 5, 2013

မိချောင်းကန်ဆန္ဒပြသည့်နေရာသို့ စစ်တပ်ရောက်ရှိလာခြင်းမှာ ဆီးဂိမ်းအတွက် လုံခြုံရေးယူခြင်းသာဖြစ်ဟုပြော

ရန်ကုန်-ဒီဇင်ဘာ၅
မိချောင်းကန်ဆန္ဒပြသည့်နေရာသို့ စစ်တပ်ရောက်ရှိလာခြင်းမှာ ဆီးဂိမ်းအတွက် လုံခြုံရေးယူခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဦးတင်ဝင်းက သတင်းသမားများ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

`သူတို့ကို ရန်မူမှာမဟုတ်ဘူး။ ကျွန်တော်တို့က ဆီးဂိမ်းအတွက်သာ လုံခြုံရေးယူထားခြင်းဖြစ်တယ်´ဟု ၎င်းက ပြောသည်။ မိချောင်းကန်ဆန္ဒပြသည့်နေရာသို့  စစ်တပ်မှ ယနေ့ ညနေ ၃နာရီတွင် စတင်၍ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းလမင်း
Popular Myanmar News Journal