Friday, December 20, 2013

ကွတ်ခိုင်မြို့နယ်အတွင်း နိုင်ငံသား စီစစ်ရေးကတ်ပြား ပြုလုပ်သူများ အချိန်စောင့်ဆိုင်းနေရ

ကွတ်ခိုင်၊ ဒီဇင်လာ ၂၀။
ကွတ်ခိုင်မြို့နယ်အတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်သူများ များပြားလာပြီး အချိန်ကြာမြင့် စွာ စောင့် ဆိုင်းနေရကြောင်း မှတ်ပုံတင်ပြုလုပ်သူများမှ ပြောသည်။

မှတ်ပုံတင်သွားရောက် ပြုလုပ်ကြရာတွင်ဦးစီးမှူးမရှိ ၍ပြန်လာခဲ့ရသည့် ရက်များလည်း မနည်းတော့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံအချို့မှ ပြောသည်။

''ကျမသားက ကျောင်းတက်နေတာ ဘွဲ့ယူဖို့အတွက်မှတ်ပုံတင် သွားလုပ်တာ ခဏခဏချိန်းနေတာ နဲ့ကြာတော့ မသွားချင်တော့ဘူး၊ သွားတဲ့အခေါက်တိုင်းဦးစီးမရှိလို့ဆိုပြီး ပြန်ပြန်ချိန်းနေတာ'' ဟု ကွတ်ခိုင်မြို့ ဆည်းဆာတည်းခိုခန်းအနီး နေထိုင်သူ ဒေသခံတစ်ဦးမှပြောသည်။

မှတ်ပုံတင်ပြုလုပ်ရန် လာရောက်သော မြို့ပေါ်ဒေသခံများအတွက် အခက်အခဲမရှိနိုင်သော်လည်း ကျေး ရွာများမှလာရောက် လုပ်ကိုင်သူ မှတ်ပုံတင်လာရောက်ပြုလုပ်သူများအတွက် မှာမူ ယင်းသို့ အချိန်စောင့် ဆိုင်းနေရ၍ အခက်တွေ့နေရကြောင်း သိရှိရသည်။

အဆိုပါကိစ္စအတွက် ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဦးစီးမှူးအားသွားရောက်မေးမြန်းရာတွင် လက်ရှိကာလမှာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဆောင်ရွက်နေရသောကာ
လဖြစ်သောကြောင့် ၎င်းအနေဖြင့် သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲများအတွက် အချိန်ပေးနေရ ပါသောကြောင့် အားလပ်သည့်အချိန်များတွင် မှတ်ပုံတင်လာရောက်လုပ်ကိုင်သူများအတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး အချိန်ပေး ဆောင်ရွက်ပေးနေပါကြောင်း ပြန်လည်ပြော ကြားသည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်