Tuesday, December 10, 2013

ကွင်းတွင်း ခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ရွှေတံဆိပ်ရ

ဒီဇင်ဘာလ ၁၀
 နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း (ဘီ) ရုံမှာ ကျင်းပပြုလုပ်တဲ့ ပိုက်ကျော်ခြင်း (Sepak Takraw) ခေါင်းစဉ်အောက်က ကွင်းတွင်း ခြင်းခတ် (Hoop Tarkaw) ပွဲမှာ မြန်မာအမျိုးသမီးအသင်း က ရွှေတံဆိပ် ဆွတ်ခူး ရရှိသွားပါတယ်။ အမျိုးသား ကွင်းတွင်းခြင်းခတ်ပွဲမှာတော့ ထိုင်းအသင်း က ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး မြန်မာက ဒုတိယသာ ရရှိခဲ့ပါတယ်။
DVB TV News